ဦးမိုးဒီနဲ့ အခြားဇာတ်ပို့သရုပ်ဆောင်ကြီးတွေနဲ့အတူ ကြော်ငြာရိုက်ကူးရင်း ပစ္စည်းအစုံနဲ့ ကန်တော့ခဲ့တဲ့ ဖြူဖြူထွေး
Read in UNICODE
ဖြူဖြူထွေးကတော့ ဒဂုံတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ဝင်ရောက်ဖျော်ဖြေရင်း လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပွင့်လင်းပြီး သွက်လက်ချက်ချာလွန်းတဲ့ ဖြူဖြူထွေးက ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရပြီး
ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူလေးချစ်စရာကောင်းသလို စိတ်ထားလေးလည်းကောင်းတဲ့ ဖြူဖြူထွေးက
အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ သူမတတ်နိုင်သလောက် အလှူအတန်းတွေကို ပြုလုပ်နေလျက်ရှိတာ ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခေါက်မှာလည်း ဖြူဖြူထွေးက ကြော်ငြာအတူတူရိုက်ခဲ့ကြတဲ့ ဦးမိုးဒီနဲ့တကွ အခြားဇာတ်ပို့သရုပ်ဆောင်ကြီးနှစ်ယောက်ကို
ဆန်၊ဆီအစရှိတဲ့ စားသောက်ရိက္ခာများနဲ့တကွ လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ ဖြူဖြူထွေးကတော့ ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကို သူမတတ်နိုင်သလောက်လေး အမြဲတမ်း လှူဒါန်းလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနေ်ာ။
Source : Phyu Phyu Htwe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *