ကေလးေတြေၾကာင့္ စိတ္ဓာတ္က်တိုင္းမွာ အရင္လို ၿပိဳလဲလို႔ မျဖစ္ေတာ့ပါဘူးဆိုတဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝကေတာ့ အႏုပညာေလာကနဲ႔ႏွစ္အနည္းငယ္ကြာေဝးခဲ့ၿပီးေနာက္ ပရဟိတအလုပ္ေတြနဲ႔ ပရိသတ္ေရွ႕ျပန္လည္ေရာက္ရွိလာသူတစ္ေယာက္ပါ။ လိုအပ္ေနတဲ့ေနရာကို လက္မေႏွးကူညီေနတဲ့အျပင္ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာ တည္ေထာင္ၿပီး မိဘမဲ့ကေလးအေယာက္သုံးဆယ္ေက်ာ္ကို ရင္အုပ္မကြာေစာင့္ေရွာက္ေနပါေသးတယ္။ ဒီေန႔မွာေတာ့ ဒီကေလးေတြေၾကာင့္ပဲ

သူစိတ္ဓာတ္က်တဲ့အခါတိုင္း အရင္လိုလြယ္လြယ္နဲ႔ၿပိဳလဲဖို႔ မျဖစ္ေတာ့ေၾကာင္း ရင္ထဲကခံစားခ်က္တခ်ိဳ႕ကိုမွ်ေဝခဲ့ပါတယ္။ “တ‌စ္ေယာက္တည္း ရပ္တည္ၿပီး မိသားစုကိုဦးေဆာင္ေနရတဲ့ အမ်ိဳးသမီးတိုင္းက Strongျဖစ္တယ္ ပဲ သိၾကတာ ဘယ္ေလာက္ ထူမတ္ေနရလဲ

ကိုယ့္ကိုကိုယ္သာ အသိဆုံးပဲ ျဖစ္တယ္…. အရင္ကဆို ငါၿပိဳလဲရင္ ငါ့အေမ ဘယ္လိုရပ္တည္ရွင္သန္မလဲ အေတြးနဲ႔ ျပန္ထူမတ္ႏိုင္ေပမယ့္ ကြၽန္မ စိတ္အတက္အက်မွာ ကြၽန္မ အဆိုးဝါးဆုံးအခ်ိန္ေတြရွိခဲ့ဖူးတာေပါ့…. စိတ္အတက္အက်မွာ ကိုယ့္ကိုကိုယ္ စိတ္လြတ္လပ္စြာ

စိတ္ထြက္ေပါက္ေပးခဲ့တဲ့ အခ်ိန္ေတြလည္းရွိခဲ့ဖူးတာေပါ့ … ကြၽန္မ အခုမ်ားေတာ့… ဒီကေလးေတြ မ်က္ႏွာ… ဒီကေလးေတြ အၿပဳံး… ႏို႔ဆာလို႔ ငိုတဲ့ အသံေလးေတြ မုန႔္ခြံ႕ေကြၽးလို႔ အားပါးတရ စားေနတဲ့ပုံရိပ္ေတြ…. ကြၽန္မ စိတ္က်ခ်ိန္ေတာင္ ငါဘယ္လိုမွ ၿပိဳလဲလို႔မရဖူးဆိုတဲ့ က်မ

လက္ကို ဆုပ္ကိုင္ထားတဲ့ လက္ကေလးေတြေၾကာင့္ ကြၽန္မရဲ႕ အင္အား…. ကြၽန္မရဲ႕ အားမာန္ေတြအကုန္ အၿမဲတမ္းတက္ႂကြေနခဲ့ရပါတယ္… ခ်စ္လိုက္တာ သားနဲ႔သမီးေလးေတြေရ ” ဆိုၿပီးေရးသားမွ်ေဝခဲ့ပါတယ္။ ခိုင္ႏွင္းေဝကေတာ့ သူ႔ရဲ႕သား၊သမီးအရင္းေလးေတြလို ခ်စ္ခင္ရတဲ့ကေလးေတြေၾကာင့္ အခ်ိန္တိုင္းမွာ ကေလးေတြေရွ႕က မားမားမတ္မတ္ရပ္တည္ႏိုင္ဖို႔ ၿပိဳလဲဖို႔မလြယ္ေတာပါဘူးတဲ့ ပရိသတ္ႀကီးေရ…

Read in UNICODE

ခိုင်နှင်းဝေကတော့ အနုပညာလောကနဲ့နှစ်အနည်းငယ်ကွာဝေးခဲ့ပြီးနောက် ပရဟိတအလုပ်တွေနဲ့ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာသူတစ်ယောက်ပါ။ လိုအပ်နေတဲ့နေရာကို လက်မနှေးကူညီနေတဲ့အပြင် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်ပြီး မိဘမဲ့ကလေးအယောက်သုံးဆယ်ကျော်ကို ရင်အုပ်မကွာစောင့်ရှောက်နေပါသေးတယ်။ ဒီနေ့မှာတော့ ဒီကလေးတွေကြောင့်ပဲ

သူစိတ်ဓာတ်ကျတဲ့အခါတိုင်း အရင်လိုလွယ်လွယ်နဲ့ပြိုလဲဖို့ မဖြစ်တော့ကြောင်း ရင်ထဲကခံစားချက်တချို့ကိုမျှဝေခဲ့ပါတယ်။ “တ‌စ်ယောက်တည်း ရပ်တည်ပြီး မိသားစုကိုဦးဆောင်နေရတဲ့ အမျိုးသမီးတိုင်းက Strongဖြစ်တယ် ပဲ သိကြတာ ဘယ်လောက် ထူမတ်နေရလဲ

ကိုယ့်ကိုကိုယ်သာ အသိဆုံးပဲ ဖြစ်တယ်…. အရင်ကဆို ငါပြိုလဲရင် ငါ့အမေ ဘယ်လိုရပ်တည်ရှင်သန်မလဲ အတွေးနဲ့ ပြန်ထူမတ်နိုင်ပေမယ့် ကျွန်မ စိတ်အတက်အကျမှာ ကျွန်မ အဆိုးဝါးဆုံးအချိန်တွေရှိခဲ့ဖူးတာပေါ့…. စိတ်အတက်အကျမှာ ကိုယ့်ကိုကိုယ် စိတ်လွတ်လပ်စွာ

စိတ်ထွက်ပေါက်ပေးခဲ့တဲ့ အချိန်တွေလည်းရှိခဲ့ဖူးတာပေါ့ … ကျွန်မ အခုများတော့… ဒီကလေးတွေ မျက်နှာ… ဒီကလေးတွေ အပြုံး… နို့ဆာလို့ ငိုတဲ့ အသံလေးတွေ မုန့်ခွံ့ကျွေးလို့ အားပါးတရ စားနေတဲ့ပုံရိပ်တွေ…. ကျွန်မ စိတ်ကျချိန်တောင် ငါဘယ်လိုမှ ပြိုလဲလို့မရဖူးဆိုတဲ့ ကျမ

လက်ကို ဆုပ်ကိုင်ထားတဲ့ လက်ကလေးတွေကြောင့် ကျွန်မရဲ့ အင်အား…. ကျွန်မရဲ့ အားမာန်တွေအကုန် အမြဲတမ်းတက်ကြွနေခဲ့ရပါတယ်… ချစ်လိုက်တာ သားနဲ့သမီးလေးတွေရေ ” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ သူ့ရဲ့သား၊သမီးအရင်းလေးတွေလို ချစ်ခင်ရတဲ့ကလေးတွေကြောင့် အချိန်တိုင်းမှာ ကလေးတွေရှေ့က မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ပြိုလဲဖို့မလွယ်တောပါဘူးတဲ့ ပရိသတ်ကြီးရေ…

Source : Khine Hnin Wai’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *