မိသားစုနဲ့အတူ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ ပုံလေးတွေကို မျှဝေခဲ့တဲ့ နေမင်း
Read in UNICODE
မင်းသား နေမင်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်ထဲက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေအချစ်တွေကို အပြည့်အဝရရှိနေတုန်းဖြစ်တဲ့ နေမင်းကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ အကောင်းဆုံး
သရုပ်ဆောင်နိုင်တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ယောကျာ်းပီသတဲ့ တည်ကြည်ခန့်ညားမှုနဲ့ ဆွဲဆောင်ရှိရှိ ချောမောလွန်းနေတဲ့ နေမင်း ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးဝန်ရံခြင်းကိုခံနေသူလေးပါနော်..။နေမင်း ဟာ ယနေ့အချိန်ထိလည်း အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာ
ပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန်နဲ့သာ လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ နေမင်း ကတော့ မကြာခဏဆိုသလို သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေ
အတွက် ဖော်ပြပေးလေ့ရှိပါတယ်။ယနေ့မှာတော့ နေမင်းတို့ မိသားစုလေးဟာ မင်္ဂလာရှိတဲ့ အိမ်တော်လေးမှာ ရဟန်း သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူပြီး ဆွမ်းကျွေး တရားနာပြီး ပရိသတ်တွေလည်း ထပ်တူထပ်မျှ သာဓုခေါ်နိုင်ပြီး ကုသိုလ်ကောင်းမှု ရရှိစေရန် မွန်မြတ်လှတဲ့အလှူပုံရိပ်လေးတွေကို
သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ နေမင်းက ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ တကယ့်ကို ကြည်နူးစရာကောင်းလောက်အောင် ကုသိုလ်ကောင်းမှုပြုလုပ်နေတာဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ ဝါဆိုသင်္ကန်းကပ်လှူနေတဲ့ နေမင်း ရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Nay Min’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *