မနေ့ညကလမ်းပေါ်မှာတွေ့ခဲ့တဲ့ ထီသည်လေးကို အားပေးရင်း ထီဆုကြီး ကံထူးခဲ့တယ်ဆိုတဲ့ နက္ခတ်





Read in UNICODE

မင်းသားချောလေး နက္ခတ်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ သရုပ်ဆောင်ပီပြင်ပြီး ဇာတ်ရုပ်ကိုသဘာဝကျကျ ဖန်တီးတတ်တဲ့ နက္ခတ်က “အရိပ်၊ကျွန်တော်အမုန်းဆုံး ကျွန်တော်” ဇာတ်လမ်းတွဲလေး‌တွေနဲ့

ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ နက္ခတ်က လက်ရှိမှာလည်း Photo Shooting လေးတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်ပြီး ယောက်ျားပီသတဲ့ နက္ခတ်က သူ့ရဲ့ချစ်သူလေးကိုလည်း

ပရိသတ်တွေအရှေ့မှာ Official ချပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စိတ်ထားကောင်းပြီး ဖော်ရွေတဲ့ နက္ခတ်ကို ပရိသတ်တွေက အား‌ပေးချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နက္ခတ်က ဇူလိုင်လအစမှာပဲ အောင်ဘာလေထီဆုတစ်ဆု ကံထူးသွားကြောင်း ပရိသတ်တွေကို ဝမ်းသာအားရ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ နက္ခတ်က ” မနေ့ည၈နာရီလောက်မှ

လမ်းပေါ်က ထီလှည်းလေးကို အားပေးရင်း ထီထိုးလိုက်တာ ၅သောင်းဆုလေးပေါက် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ နက္ခတ်ကတော့ မနေ့ညကမှထိုးလိုက်တဲ့ ထီလက်မှတ်ကနေ ထီဆုတစ်ဆုဆွတ်ခူးသွားလို့ ဝမ်းသာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ထီပေါက်လို့ပျော်ရွှင်နေတဲ့ နက္ခတ်ရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်။

Source : Nat Khat’s Facebook | Reference & Credit : Myanamarload

Add a Comment

Your email address will not be published. Required fields are marked *