မိခင်ဖြစ်သူ အိပ်ယာထဲလဲသွားခဲ့တုန်ူက မျက်ရည်ချူတယ်ထင်မှာစိုးလို့ မပြောပြခဲ့တာပါဆိုတဲ့ မိုးဟေကို
Read in UNICODE
မိုးဟေကိုလို့ ဆိုလိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့အလှတွေနဲ့ ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး မိန်းကလေးပရိသတ်တွေကိုပါ အချစ်ပိုတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောတစ်ဦးကို မြင်ယောင်မိကြမှာပါနော်..။ အနုပညာလောကမှာ ပရိသတ်အချိန်အမာနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားသလို တတ်နိုင်သလောက် အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး သက်ကြီးရွယ်အိုအဖိုးအဖွားတွေကိုလည်း အိမ်တိုင်ရာရောက် ကိုယ်တိုင်ကားမောင်း အပင်ပန်းခံပြီး
This image has an empty alt attribute; its file name is Screen-Shot-2020-07-01-at-6.49.33-PM-853x1024.png
ဂါဝရပြုကန်တော့ကာ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်သူလေးပဲ ဖြစ်ပါတယ်နော်..။ မိုးကတော့ ပြီးခဲ့တဲ့နှစ်တွေက မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားခဲ့ရပြီး မျက်ရည်ချူတယ်ထင်မှာစိုးလို့ မိခင်ဖြစ်သူ အိပ်ယာထဲလဲသွားတဲ့အကြောင်း ပရိသတ်တွေကို မပြောပြဖြစ်ခဲ့တဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်..။ “မိဘတွေဆိုတာ သားသမီးတွေက သူတို့အပေါ်သိတတ်တယ် ရိုသေတယ်ဆိုတာ မြင်ရတော့ ဘယ်မိဘမဆို ပီတိဖြစ်တယ် မိုးအမေတော်တော်
အိပ်ယာထဲလဲသွားတဲ့အချိန်ရှိတယ် အဲ့ဒီအချိန်တုန်းကတော့ ဘာအလုပ်မှ မလုပ်ဘဲ အမေအနားမှာပဲ ပြုစုခဲ့တယ် အရင်တုန်းကတော့ မပြောပြဘူး ကိုယ်ဖြစ်တာကိုယ်ပဲသိတယ်ဆိုတော့ မျက်ရည်ချူတယ်ဖြစ်မှာစိုးလို့ မိုးမပြောခဲ့ဘူး..” ဆိုပြီး မိုးက ပြောပြထားတာပါ..။ “ကိုယ့်အမေအရွယ်တွေ အကုန်လုံးကို လေးစားတယ် ရိုသေတယ် ကိုယ့်တစ်ရက်ပဲကြီးကြီး တစ်လပဲကြီးကြီး အရမ်းကြီးသွားတဲ့သူတွေက အိုရင်အပယ်ခံရတယ်ဆိုတဲ့ စိတ်အားငယ်တတ်ကြတယ် သိမ်ငယ်တဲ့စိတ်ရှိတယ် အဲ့ဒါကို အချိန်ပေးတယ် အိုပယ်ကို
ဘယ်တော့မှမဖြစ်အခံဘူး အရောက်မခံဘူးပေါ့နော် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အမေမိဘမှ မဟုတ်ဘူး အပြင်မှာတွေ့တဲ့သက်ကြီစးရွယ်အိုတွေ အကုန်လုံးကို မိုးက ရိုရိုသေသေလေးလေးစားစား ဆက်ဆံပါတယ် သူတို့လည်း ပီတိဖြစ်တာပေါ့..” ဆိုပြီးတော့လည်း မိုးက ချစ်ရတဲ့ ပရိသတ်တွေကို ပြောပြထားပါသေးတယ်နော်..။ သက်ကြီးရွယ်အို လူကြီးသူမတွေကို အထီးမကျန်စေချင်တဲ့ သူမရဲ့ ချစ်စရာကောင်းပြီး မွန်မြတ်တဲ့ စိတ်ထားလေးနဲ့အတူ အခုလို မိဘအရွယ်ရှိတဲ့ အမေတွေကို ကိုယ်တိုင်ကားမောင်းပြီး သွားရောက်တွေ့ကာ လက်လှမ်းမိသလောက်လေး ဂါဝရပြုကန်တော့ကာ လှူဖြစ်ခဲ့တဲ့ ကြည်နူးစရာပီတိလေးတွေကိုလည်း ပြောပြထားတဲ့ မိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Moe Hay Ko’s Facebook | Reference & Credit : Myanmarlaod
Add a Comment
Your email address will not be published. Required fields are marked *