ဇနီးဖြစ်သူရဲ့ နာမည်ကို လက်မောင်းမှာ တက်တူးထိုးခဲ့တဲ့ ယွန်းဝတီလွင်မိုးရဲ့ ခင်ပွန်း





Read in UNICODE

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကို ပရိသတ်ကြီးအားလုံး ချစ်ခင်ပြီးသား ဖြစ်မှာပါ။ ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့

သားသားလေး လွင်ထက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက သားလေးကို အဖိုးအဖွားတွေနဲ့ထားခဲ့ပြီး သြစတေးလျနိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ ကျောင်းသွားတက်နေတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်မကျခင်ကတည်းက ကျောင်းအတူတူတက်ခဲ့ကြပြီး

သူငယ်ချင်းတွေအဖြစ်ရှိခဲ့ကြတဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ သံယောဇဉ်၊ ချစ်ခြင်းတွေကို ခိုင်မြဲလှပါတယ်။ အချစ်တွေများစွာနဲ့ တည်ဆောက်ထားကြတဲ့ ယွန်းဝတီလွင်မိုးတို့ အိမ်ထောင်ရေးလေးက လှပသလို ယွန်းဝတီလွင်မိုး သူမရဲ့နာမည်ကိုသေရာပါ

တက်တူးထိုးပေးခဲ့တာကို တွေ့ရပါတယ်။ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ အသက်နှစ်ဆယ်စွန်းစွန်းလေးတွေသာရှိသေးပေမယ့် ကိုယ့်ဘဝကိုကိုယ် အကောင်းဆုံးတည်ဆောက်နေကြသူတွေ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်စိတ်ချမ်းသာမှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Ka Gee’s Facebook

Add a Comment

Your email address will not be published. Required fields are marked *