ရုပ်ရှင်ကားတွေမရိုက်ရတော့ ဝမ်းစာအတွက် ဈေးရောင်းပြီး ကောင်းရောင်း ကောာင်းဝယ်လုပ်စားနေရတယ်ဆိုတဲ့ ကြူကြူသင်း
Read in UNICODE
ကြူကြူသင်းလို့ဆိုလိုက်တဲ့ ခန္ဓာကိုယ် ၀၀ဖွံ့ဖွံ့နဲ့ ချစ်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ ဝါရင့်အနုပညာရှင် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ကို အားလုံးပဲ မြင်ယောင်မိမှာပါနော်..။ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့
ဇာတ်ကားတွေ များစွာရိုက်ကူးထားတဲ့ ကြူကြူသင်းကတော့ လတ်တလောမှာတော့ စီးပွားရေးကို ပိုပြီး လုပ်ဆောင်ဖြစ်နေပါတယ်နော်..။ လတ်တလောမှာ ဇာတ်ကားတွေ သိပ်မရိုက်ရပေမယ့် စီးပွားရေးအနေနဲ့ ကော်ရည်ခေါက်ဆွဲ ရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းလုပ်ကိုင်နေတဲ့အကြောင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်နော်..။ ဝမ်းစာအတွက်ကတော့
ဘယ်အလုပ်မဆိုလုပ်ရမှာဖြစ်ပြီး သူများပစ္စည်းခိုးပြီး လိမ်းစားတာလည်းမဟုတ်ဘဲ ကောင်းရောင်းကောင်းဝယ် လုပ်စားတာဖြစ်တာမို့ ရောင်းကောင်းတဲ့အတွက်လည်း ပျော်တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။ ရုပ်ရှင်လောကသားတွေ ဈေးရောင်းတာကို ဝေဖန်ကြတဲ့အပေါ်မှာလည်း “အဲ့ဒါက ဘာမှမဖြစ်ဘူး မကြူစရောင်းတုန်းက ကားမရိုက်ရလို့ ဈေးရောင်းတယ်ပေါ့ ဟုတ်တယ်
ကားမရိုက်ရလို့ ဈေးရောင်းတယ် မကြူတို့က ဝမ်းစာလေ ကောင်းရောင်းကောင်းဝယ် လုပ်နေမှာပဲ သူများပစ္စည်းသွားခိုးနေတာလည်း မဟုတ်ဘူး လိမ်စားနေတာလည်း မဟုတ်ဘူး သူတို့ကြိုက်လို့ သူတို့ကြိုက်တဲ့ဈေးနဲ့ ဝယ်စားတယ် မကြူတို့က ရောင်းဝယ် မကြူတို့က ပျော်တာပေါ့နော် ဘာလို့လည်းဆိုတော့ တစ်ဖက်တစ်လမ်းကနေ မကြူတို့ရဲ့ဝမ်းရေးကို
သူတို့ကဖြည့်ပေးတာလေ အဲ့အတွက်အများကြီးပျော်တယ် ဘေးလူတွေကတော့ ပြောချင်တာပြောကြပါစေပေါ့နော် မကြူတို့က အပြောခံပါတယ် ပြောကြပါစေ..” ဆိုပြီး ပြောပြထားတာပါ..။ အနုပညာမှာလည်း အားပေးကြသလို အခုလိုဈေးရောင်းတော့လည်း အားပေးကြတဲ့ ချစ်ပရိသတ်တွေကို အများကြီးကျေးဇူးတင်တဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ကြူကြူသင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Kyu Kyu Thin’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *