ေမသန္းႏု ေထာင္ကျပန္လြတ္လာၿပီျဖစ္ေၾကာင္း ေျပာျပခဲ့တဲ့ စင္ေရာ္ေမာင္ေမာင္
|ေငြေၾကးလိမ္လည္မႈနဲ႔ အက်ဥ္းခ်ခံထားရတဲ့ သ႐ုပ္ေဆာင္အကယ္ဒမီ ေမသန္းႏုက ဇူလိုင္လ(၁) ရက္ေန႔မွာပဲ အက်ဥ္းေထာင္ကေန ျပန္လြတ္လာၿပီလို႔ ခင္ပြန္းေဟာင္းျဖစ္သူ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ” မဆင့္ ေထာင္ကေန

ျပန္လြတ္လာၿပီဆိုတာ ေသခ်ာပါတယ္။ အေသးစိတ္ကိုေတာ့ မနက္ျဖန္(ဇူလိုင္ ၂ ) ရက္ေန႔မွာ စာနယ္ဇင္းပြဲ ျပဳလုပ္သြားမယ္” လို႔ သူက ဆိုပါတယ္။ ေမသန္းႏုကို ခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ေတြ၊ အႏုပညာအသိုင္းအဝိုင္းမွ ေမာင္ႏွမမ်ားကလည္း ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ေမသန္းႏုကဟာ ေငြေၾကးလိမ္လည္မႈ ပုဒ္မ ၄၂၀ နဲ႔ အင္းစိန္အက်ဥ္းေထာင္မွာ

ျပစ္ဒဏ္ခံယူခဲ့ရတာ ျဖစ္ပါတယ္။ႏွစ္ဆန္းတစ္ရက္ေန႔တုန္းက သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲမွာ သ႐ုပ္ေဆာင္ ေမသန္းႏု ပါဝင္ဖို႔ အားလုံးက ဆုေတာင္းေပးခဲ့ၾကေပမယ့္လည္း အက်ဥ္းသား(၂၄,၈၉၆)ဦး လြတ္ေျမာက္တဲ့ အထဲမွာ သ႐ုပ္ေဆာင္ ေမသန္းႏု မပါဝင္ခဲ့ႏိုင္ပါဘူး။ ေမသန္းႏုရဲ႕ ခင္ပြန္းေဟာင္း ျဖစ္သူ

ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္အေနနဲ႔လည္း သ႐ုပ္ေဆာင္ေမသန္းႏု ျပန္လည္လြတ္ေျမာက္ႏိုင္ေရးအတြက္ အစြမ္းကုန္ ေဆာင္႐ြက္ခဲ့သလို ေမသန္းႏု အက်ဥ္းေထာင္က ျပန္လည္လြတ္ေျမာက္လာရင္ ေနႏိုင္ဖို႔အတြက္ အိမ္လုံးခ်င္းတစ္လုံးျပင္ဆင္ေပးထားတာကို ေတြ႕ရပါတယ္။ သ႐ုပ္ေဆာင္ ေမသန္းႏုကို ေငြေၾကးလိမ္လည္မႈ ပုဒ္မ ၄၂၀ နဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ က်ခံဖို႔ ဇန္နဝါရီ (၂) ရက္ေန႔ ရန္ကင္းတရား႐ုံးမွ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
Read in UNICODE
ငွေကြေးလိမ်လည်မှုနဲ့ အကျဉ်းချခံထားရတဲ့ သရုပ်ဆောင်အကယ်ဒမီ မေသန်းနုက ဇူလိုင်လ(၁) ရက်နေ့မှာပဲ အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီလို့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်က အတည်ပြု ပြောကြားခဲ့ပါတယ်။ ” မဆင့် ထောင်ကနေ

ပြန်လွတ်လာပြီဆိုတာ သေချာပါတယ်။ အသေးစိတ်ကိုတော့ မနက်ဖြန်(ဇူလိုင် ၂ ) ရက်နေ့မှာ စာနယ်ဇင်းပွဲ ပြုလုပ်သွားမယ်” လို့ သူက ဆိုပါတယ်။ မေသန်းနုကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာအသိုင်းအဝိုင်းမှ မောင်နှမများကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။မေသန်းနုကဟာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်အကျဉ်းထောင်မှာ

ပြစ်ဒဏ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ သရုပ်ဆောင် မေသန်းနု ပါဝင်ဖို့ အားလုံးက ဆုတောင်းပေးခဲ့ကြပေမယ့်လည်း အကျဉ်းသား(၂၄,၈၉၆)ဦး လွတ်မြောက်တဲ့ အထဲမှာ သရုပ်ဆောင် မေသန်းနု မပါဝင်ခဲ့နိုင်ပါဘူး။ မေသန်းနုရဲ့ ခင်ပွန်းဟောင်း ဖြစ်သူ

ဒါရိုက်တာ စင်ရော်မောင်မောင်အနေနဲ့လည်း သရုပ်ဆောင်မေသန်းနု ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်ခဲ့သလို မေသန်းနု အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာရင် နေနိုင်ဖို့အတွက် အိမ်လုံးချင်းတစ်လုံးပြင်ဆင်ပေးထားတာကို တွေ့ရပါတယ်။ သရုပ်ဆောင် မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ် တစ်နှစ် ကျခံဖို့ ဇန်နဝါရီ (၂) ရက်နေ့ ရန်ကင်းတရားရုံးမှ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
Source : Cele YatKwat | Reference & Credit : Duwun