ဇာတိမြို့ဖြစ်တဲ့ မုံရွာကနေ ဒီလရဲ့ သိန်း(၁၀၀၀၀)ထီဆုကြီးကို (၂)ကြိမ်မြောက် ဆွတ်ခူးခဲ့တာကြောင့် ဝမ်းသာ မနာလိုဖြစ်ရတယ်ဆိုတဲ့ မိုးမိုး




Read in UNICODE

မိုးမိုးကတော့ သီချင်းဆိုကောင်းရုံသာမက သီချင်းရေးလည်းတော်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးမိုးက လက်ရှိမှာတော့ သူ့ရဲ့ဂီတအနုပညာအလုပ်တွေကို ရပ်နားထားတာကြောင့် အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားကာ အလုပ်တွေကို

ကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီနေ့မှာတော့ မိုးမိုးက ဇူလိုင်လရဲ့ သိန်း (၁၀၀၀၀) ကံထူးရှင်ကြီးအတွက် ဝမ်းသာနေရကြောင်း အခုလိုပဲ ပြောထားပါတယ်။ “မုံရွာက နှစ်ခါ ကံထူးသူ။ (၁၁)ကြိမ်မြောက်သိန်း(၁၀၀၀၀)လည်းသူပေါက်တယ်❣️အခု (၁၇)ကြိမ်မြောက် သိန်း(၁၅၀၀၀) လည်းသူပဲပေါက်တယ်ဗျာ။ ဝမ်းမြောက်ပီတိဖြစ်ရပါတယ်

ဦးစိုးဝင်း_မုံရွာမြို့။ မုံရွာကပေါက်လို့ ကိုယ်ပေါက်သလိုပဲလို့တော့ မပြောဘူး မနာလိုလဲဖြစ် ဝမ်းလဲဝမ်းသာပါဒယ်😁😁” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။ မိုးမိုးကတော့ သူကိုယ်တိုင်လည်း မုံရွာမြို့သားတစ်ယောက်ဖြစ်ပြီး သူမြို့သူ့ရွာက ကံထူးသူတစ်ယောက်အတွက် ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ မိုးမိုးလည်း နောက်လတွေမှာ ထီဆုကြီးတွေ ကံထူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Moe Sithu Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *