အႏုပညာအလုပ္ေတြ စလုပ္ခဲ့တဲ့အခ်ိန္မွာ သူ႔ကိုႏွိမ္ခဲ့တဲ့သူေတြရွိေၾကာင္း ရင္ဖြင့္ခဲ့တဲ့ ေအာင္ေလး

ေအာင္ေလးကေတာ့ အႏုပညာနဲ႔ ပတ္သက္လာရင္ အႏွိမ္ခံခဲ့ရဖူးတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူ႔ကို မႏွိမ္ပဲ လက္တြဲေခၚေပးခဲ့တဲ့ ေက်းဇူးရွင္ေတြလည္း ရွိတယ္ ဆိုတာကို ေျပာျပလာပါတယ္။ “ ကြၽန္ေတာ္ေပါင္းတဲ့ သူငယ္ခ်င္းအဖြဲ႕ထဲမွာဆိုရင္ ေအာင္မင္းခန႔္က ကြၽန္ေတာ့္ရဲ႕ စီနီယာ။ Level ေပါင္းေပမယ့္ သူက ကြၽန္ေတာ့္ရဲ႕ စီနီယာ ဆိုတဲ့ အသိ နဲ႔ Respect ရွိတယ္။ ကိုေဇရဲထက္ ဆိုရင္လည္း ဗီဒီယို ေလာကမွာ လက္တြဲေခၚတယ္။ အၿမဲတမ္းလည္း ေက်းဇူးတင္ေနတယ္။ သူတို႔ေတြကလည္း ကိုယ့္ကို ႏွိမ္ခဲ့တာမ်ိဳးမရွိသလို

ကိုယ္ကိုယ္တိုင္ကလည္း သူမ်ားကို တစ္ခါမွ မႏွိမ္ခဲ့ဖူးဘူး။ အရင္ကဆို ကိုယ္က အႏွိမ္ခံဘဝမွာ ေနခဲ့ရဖူးေတာ့ ဒီခံစားခ်က္ကို လုံးဝ မႀကိဳက္ဘူး။ ဒါေၾကာင့္ တစ္ပါးသူကို ဘယ္ေတာ့မွ မႏွိမ္ဘူး” ဆိုၿပီးေတာ့ ဇြန္လ ၂၇ ရက္ေန႔က ဘားဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ေအာင္ေလးဟာ အႏုပညာအေတြ႕အႀကဳံ နဲ႔ပတ္သက္လာရင္ (၆) ႏွစ္ေက်ာ္၊ (၇) ႏွစ္နီးပါး ရွိခဲ့ၿပီျဖစ္ပါတယ္။ သူ႔ေနာက္မွ အႏုပညာအလုပ္ေတြ လုပ္လာတဲ့ ဂ်ဴနီယာေတြကိုလည္း သူငယ္ခ်င္းလို

ေပါင္းၿပီး လက္တြဲေခၚေပးျဖစ္တယ္လို႔ ဆိုပါတယ္။ “ အခုဆိုရင္ ကိုယ့္ထက္ ငယ္တဲ့ ဂ်ဴနီယာေတြနဲ႔ Level တန္းေပါင္းတယ္။ ကိုယ္က အႀကီးဆိုၿပီးေတာ့ အထာႀကီးနဲ႔ ဆရာဝင္မလုပ္ဘူး။ လုပ္ငန္းအေတြ႕အႀကဳံက သူတို႔ထက္ ေစာတာပဲ ရွိမယ္၊ အားလုံးက ဒီေလာကထဲမွာ အတူတူ ေလွ်ာက္လွမ္းေနတဲ့ တစ္ေသြးတည္း၊ တစ္သားတည္း လူေတြခ်ည္းပဲ။ ကိုယ္က နာမည္ အရမ္းႀကီးတဲ့သူလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ကိုယ္တတ္ႏိုင္သေလာက္ေတာ့ သူတို႔ကို လက္တြဲေခၚျဖစ္တယ္။ သူတို႔ ဘာလိုအပ္သလဲ ကိုယ္ဘာကူညီႏိုင္သလဲ

ၿပီးေတာ့ အလုပ္ဆိုရင္လည္း ဒီလိုေလး အတူတူ လုပ္ၾကရေအာင္ ဆိုတာမ်ိဳးပဲ အႀကံျပဳတယ္။ မေကာင္းတာ ဆိုရင္လည္း မေကာင္းတဲ့ အေၾကာင္းေပါ့” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ေအာင္ေလးဟာ အႏုပညာေလာကထဲကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ အဲဒီေနာက္ Tv ေၾကာ္ျငာေတြ၊ Fashion Show ပြဲေတြမွာ ပါဝင္လာတာ ေတြ႕ရပါတယ္။ ပရိသတ္အားေပးမႈေတြ ရရွိလာတဲ့အခ်ိန္မွာေတာ့ ဗီဒီယို ဇာတ္ကားေတြ ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးလာရပါၿပီ။ လက္ရွိမွာလည္း သူ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ရွိေသးတယ္လို႔ သိရပါတယ္။

Read in UNICODE

အောင်လေးကတော့ အနုပညာနဲ့ ပတ်သက်လာရင် အနှိမ်ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ကို မနှိမ်ပဲ လက်တွဲခေါ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေလည်း ရှိတယ် ဆိုတာကို ပြောပြလာပါတယ်။ “ ကျွန်တော်ပေါင်းတဲ့ သူငယ်ချင်းအဖွဲ့ထဲမှာဆိုရင် အောင်မင်းခန့်က ကျွန်တော့်ရဲ့ စီနီယာ။ Level ပေါင်းပေမယ့် သူက ကျွန်တော့်ရဲ့ စီနီယာ ဆိုတဲ့ အသိ နဲ့ Respect ရှိတယ်။ ကိုဇေရဲထက် ဆိုရင်လည်း ဗီဒီယို လောကမှာ လက်တွဲခေါ်တယ်။ အမြဲတမ်းလည်း ကျေးဇူးတင်နေတယ်။ သူတို့တွေကလည်း ကိုယ့်ကို နှိမ်ခဲ့တာမျိုးမရှိသလို

ကိုယ်ကိုယ်တိုင်ကလည်း သူများကို တစ်ခါမှ မနှိမ်ခဲ့ဖူးဘူး။ အရင်ကဆို ကိုယ်က အနှိမ်ခံဘဝမှာ နေခဲ့ရဖူးတော့ ဒီခံစားချက်ကို လုံးဝ မကြိုက်ဘူး။ ဒါကြောင့် တစ်ပါးသူကို ဘယ်တော့မှ မနှိမ်ဘူး” ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့က ဘားဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။အောင်လေးဟာ အနုပညာအတွေ့အကြုံ နဲ့ပတ်သက်လာရင် (၆) နှစ်ကျော်၊ (၇) နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ သူ့နောက်မှ အနုပညာအလုပ်တွေ လုပ်လာတဲ့ ဂျူနီယာတွေကိုလည်း သူငယ်ချင်းလို

ပေါင်းပြီး လက်တွဲခေါ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ “ အခုဆိုရင် ကိုယ့်ထက် ငယ်တဲ့ ဂျူနီယာတွေနဲ့ Level တန်းပေါင်းတယ်။ ကိုယ်က အကြီးဆိုပြီးတော့ အထာကြီးနဲ့ ဆရာဝင်မလုပ်ဘူး။ လုပ်ငန်းအတွေ့အကြုံက သူတို့ထက် စောတာပဲ ရှိမယ်၊ အားလုံးက ဒီလောကထဲမှာ အတူတူ လျှောက်လှမ်းနေတဲ့ တစ်သွေးတည်း၊ တစ်သားတည်း လူတွေချည်းပဲ။ ကိုယ်က နာမည် အရမ်းကြီးတဲ့သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ သူတို့ကို လက်တွဲခေါ်ဖြစ်တယ်။ သူတို့ ဘာလိုအပ်သလဲ ကိုယ်ဘာကူညီနိုင်သလဲ

ပြီးတော့ အလုပ်ဆိုရင်လည်း ဒီလိုလေး အတူတူ လုပ်ကြရအောင် ဆိုတာမျိုးပဲ အကြံပြုတယ်။ မကောင်းတာ ဆိုရင်လည်း မကောင်းတဲ့ အကြောင်းပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။အောင်လေးဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် Tv ကြော်ငြာတွေ၊ Fashion Show ပွဲတွေမှာ ပါဝင်လာတာ တွေ့ရပါတယ်။ ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့အချိန်မှာတော့ ဗီဒီယို ဇာတ်ကားတွေ ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရပါပြီ။ လက်ရှိမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရှိသေးတယ်လို့ သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *