အမိုက္စား မင္းစားတစ္ေယာက္ျဖစ္ဖို႔ ျမင္းစီးသင္ယူေလ့က်င့္ေနၿပီဆိုတဲ့ တိုင္ရြန္

တိုင္႐ြန္ကေတာ့ ႏုတ္ခမ္းနီမေလးေတြရဲ႕သည္းသည္းလႈပ္ဝန္းရံအားေပးျခင္းရရွိထားၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းေနသူတစ္ေယာက္ပါ။ ဇာတ္လမ္းတြဲေတြ၊ ေၾကာ္ျငာေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာပါ ပါဝင္လာရတဲ့အထိ အခ်ိန္တိုအတြင္းမွာ

ပရိသတ္ေတြရဲ႕အသိမွတ္ျပဳ အားေပးျခင္း ရရွိထားသူလည္း ျဖစ္ပါတယ္။ တိုင္႐ြန္ကေတာ့ မင္းသားတစ္လက္အေနနဲ႔ ကိုယ့္ကိုကိုယ္ အဖက္ဖက္က ျပည့္စုံေအာင္အၿမဲေလ့က်င့္ေနသူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ဇာတ္႐ုပ္တိုင္းမွာ အံဝင္ဂြင္က်သ႐ုပ္ေဆာင္

ႏိုင္ေအာင္ ႀကိဳးစားေနတဲ့အျပင္ ဆြဲေဆာင္မႈရွိတဲ့ခႏၶာကိုယ္ကို မပ်က္စီးေအာင္ အၿမဲႀကိဳးစားေလ့က်င့္ေနသူလည္း ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း တိုင္႐ြန္ကေတာ့ အင္းေလးကိုေရာက္ရွိေနၿပီး အမိုက္စားမင္းသားတစ္လက္ျဖစ္လာဖို႔ ျမင္းစီး သင္ေနၿပီျဖစ္ေၾကာင္း မွ်ေဝခဲ့ပါတယ္။ သာမန္လူတစ္ေယာက္

ဘဝကေန အခုလိုပရိသတ္အားေပးၾကမ္းတဲ့မင္းသားတစ္လက္ျဖစ္လာဖို႔ အျပင္းအထန္ႀကိဳးစားခဲ့တဲ့တိုင္႐ြန္ကေတာ့ အခုတစ္ေခါက္မွာလည္း ျမင္းစီးသင္ေနျပန္ပါၿပီတဲ့ ပရိသတ္ႀကီးေရ။ ကိုယ့္ကိုယ္ကိုယ္ အၿမဲအရည္အေသြးတက္ဖို႔ ႀကိဳးစားေနတဲ့ တိုင္႐ြန္ရဲ႕ျမင္းစီးေလ့က်င့္ေနတဲ့ဗြီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

တိုင်ရွန်ကတော့ နုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းရရှိထားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်လာရတဲ့အထိ အချိန်တိုအတွင်းမှာ

ပရိသတ်တွေရဲ့အသိမှတ်ပြု အားပေးခြင်း ရရှိထားသူလည်း ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ မင်းသားတစ်လက်အနေနဲ့ ကိုယ့်ကိုကိုယ် အဖက်ဖက်က ပြည့်စုံအောင်အမြဲလေ့ကျင့်နေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဇာတ်ရုပ်တိုင်းမှာ အံဝင်ဂွင်ကျသရုပ်ဆောင်

နိုင်အောင် ကြိုးစားနေတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို မပျက်စီးအောင် အမြဲကြိုးစားလေ့ကျင့်နေသူလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း တိုင်ရွန်ကတော့ အင်းလေးကိုရောက်ရှိနေပြီး အမိုက်စားမင်းသားတစ်လက်ဖြစ်လာဖို့ မြင်းစီး သင်နေပြီဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ သာမန်လူတစ်ယောက်

ဘဝကနေ အခုလိုပရိသတ်အားပေးကြမ်းတဲ့မင်းသားတစ်လက်ဖြစ်လာဖို့ အပြင်းအထန်ကြိုးစားခဲ့တဲ့တိုင်ရွန်ကတော့ အခုတစ်ခေါက်မှာလည်း မြင်းစီးသင်နေပြန်ပါပြီတဲ့ ပရိသတ်ကြီးရေ။ ကိုယ့်ကိုယ်ကိုယ် အမြဲအရည်အသွေးတက်ဖို့ ကြိုးစားနေတဲ့ တိုင်ရွန်ရဲ့မြင်းစီးလေ့ကျင့်နေတဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Tyron Bejay’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *