လေးစားအားကျရတဲ့ မင်းသားကြီး ကျော်သူဆီက လက်ဆောင်လေးရခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ ရွှေပိုးအိမ်
Read in UNICODE
အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ရုံသာမက ပရဟိတလုပ်ငန်းတွေကိုပါလုပ်ကိုင်နေတဲ့ မင်းသမီးချောလေး ရွှေပိုးအိမ်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ရွှေပိုးအိမ်ကတော့ ဗီဒီယိုဇာတ်ကားတွေကတည်းက ကာရိုက်တာပီပြင်အောင်
သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပါပဲ။ သူမကတော့ လတ်တလောမှာ ကြော်ငြာလေးတွေကို    ရိုက်ကူးသရုပ်ဆောင်နေရတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ရွှေပိုးအိမ်က နာရေးကူညီမှုအသင်းဝင်အဖြစ်နဲ့ လိုအပ်နေတဲ့ သူတွေကို တတ်နိုင်သလောက်လေးတွေကို
ကိုယ်တိုင်သွားရောက်လှူဒါန်းပေးလေ့ရှိပါတယ်။ သူမရဲ့ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်လို့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ
မျှဝေပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ ရွှေပိုးအိမ်က“ဦးမောင်ပေးတဲ့ အမှတ်တရ စာအုပ်လေးရယ် လက်မှတ်လေးရယ် ကျေးဇူးပါရှင့်”လို့ဆိုပြီး မင်းသားကြီး ကျော်သူပေးတဲ့ လက်ဆောင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက်
ရွှေပိုးအိမ်က ကျော်သူပေးတဲ့အမှတ်တရစာအုပ်လေးနဲ့ လက်မှတ်လေးရခဲ့တဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်ကို အားပေးချစ်ခင်တယ်ဆိုရင်    မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Source : Shwe Poe Eain’s Facebook
Add a Comment
Your email address will not be published. Required fields are marked *