အႏုပညာေတြသင္ၾကားေပးခဲ့တဲ့ က်န္းမာေရးမေကာင္းတဲ့ ဆရာျဖစ္သူကို သြြားေရာက္ ဂါရဝျပဳခဲ့တဲ့ မ်ိဳးစႏၵီေက်ာ္

မ်ိဳးစႏၵီေက်ာ္က ဆရာရင္းျဖစ္သူ ဒါ႐ိုက္တာ ေမာင္ျပည့္ဝ(ပန္းေဝသီ) ကို သြားေရာက္ ကန္ေတာ့ခဲ့ပါတယ္။ ဆရာျဖစ္သူဟာ ခါး႐ိုးခြဲစိတ္ကုသမႈ ခံယူေနရတယ္လို႔လည္း သူက ဆိုပါတယ္။ ” အႏုပညာေလာကမွာ မ်ိဳးစႏၵီေက်ာ္ ဆိုၿပီးျဖစ္လာေအာင္ ေျမႇေတာင္ေျမႇာက္ေပးခဲ့တဲ့ဆရာရင္း

ဒါ႐ိုက္တာ ေမာင္ျပည့္ဝ(ပန္းေဝသီ) ႏွင္းဆီကုန္းေဆး႐ုံႀကီးမွာ ခါး႐ိုးခြဲစိတ္ကုသေနတာ အျမန္ဆုံး သက္သာေပ်ာက္ကင္းပါေစ။ (တတ္ႏိုင္သေလာက္ေလးကုသိုလ္ျပဳပါတယ္)” ဆိုၿပီးေတာ့ ဇြန္လ ၂၈ ရက္ေန႔ ညေနပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ဒါ႐ိုက္တာ

ေမာင္ျပည့္ဝ(ပန္းေဝသီ) ကေတာ့ အႏုပညာေလာကမွာ ႏွစ္အေတာ္ၾကာ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ထားတဲ့ ဒါ႐ိုက္တာ တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားမ်ား၊ ႐ုပ္သံဇာတ္လမ္းတြဲ အျပင္ ျပဇာတ္ေတြလည္း ႐ိုက္ကူးလွ်က္ရွိတဲ့ ဒါ႐ိုက္တာ တစ္ေယာက္ျဖစ္ပါတယ္။ မ်ိဳးစႏၵီေက်ာ္ကလည္း

အခုခ်ိန္ထိ အႏုပညာေလာကမွာ သ႐ုပ္ေဆာင္ အလုပ္ကို တစိုက္မတ္မတ္ လုပ္ကိုင္ေနတဲ့ မင္းသမီးတစ္ဦးျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ (၂၀) ေက်ာ္လာခဲ့ပါၿပီ။ လက္ရွိမွာလည္း ႐ုပ္သံ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးထားတာကို ေတြ႕ရပါတယ္။ မ်ိဳးစႏၵီေက်ာ္ဟာ တစ္ဦးတည္းေသာ သမီးေလး ဂ်ဴဝယ္လ္ နဲ႔ ေပ်ာ္စရာေကာင္းတဲ့ ဘဝေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

Read in UNICODE

မျိုးစန္ဒီကျော်က ဆရာရင်းဖြစ်သူ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကို သွားရောက် ကန်တော့ခဲ့ပါတယ်။ ဆရာဖြစ်သူဟာ ခါးရိုးခွဲစိတ်ကုသမှု ခံယူနေရတယ်လို့လည်း သူက ဆိုပါတယ်။ ” အနုပညာလောကမှာ မျိုးစန္ဒီကျော် ဆိုပြီးဖြစ်လာအောင် မြှေတောင်မြှောက်ပေးခဲ့တဲ့ဆရာရင်း

ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) နှင်းဆီကုန်းဆေးရုံကြီးမှာ ခါးရိုးခွဲစိတ်ကုသနေတာ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။ (တတ်နိုင်သလောက်လေးကုသိုလ်ပြုပါတယ်)” ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒါရိုက်တာ

မောင်ပြည့်ဝ(ပန်းဝေသီ) ကတော့ အနုပညာလောကမှာ နှစ်အတော်ကြာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲ အပြင် ပြဇာတ်တွေလည်း ရိုက်ကူးလျှက်ရှိတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကလည်း

အခုချိန်ထိ အနုပညာလောကမှာ သရုပ်ဆောင် အလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း နှစ် (၂၀) ကျော်လာခဲ့ပါပြီ။ လက်ရှိမှာလည်း ရုပ်သံ ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ မျိုးစန္ဒီကျော်ဟာ တစ်ဦးတည်းသော သမီးလေး ဂျူဝယ်လ် နဲ့ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *