ကားပေါ်မှာ အရုပ်တွေလှလှလေးတွေတင်ပြီး လမ်းမှာတွေ့သမျှ ကလေးတွေကို လက်ဆောင်ပေးခဲ့ကြတဲ့ ရီရီပွင့်ဖြူ နဲ့ မောင်တို့ စုံတွဲ






Read in UNICODE

သရုပ်ဆောင်မောင်နဲ့ သရုပ်ဆောင်ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်ကတော့ ချစ်သူသက်တမ်းလည်း (၆)နှစ်ကျော်ရှိနေကြပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။နှစ်ယောက်လုံးက လူငယ်တွေလည်းဖြစ်ကြတာကြောင့် ပွင့်ပွင့်လင်းလင်းနဲ

့နေထိုင်တတ်ပြီးအချင်းချင်းလည်းစနောက်နေတတ်ကြလို့ ပရိသတ်တွေကပါ သူတို့စုံတွဲလေးကိုကြည့်ပြီး ပျော်ရွှင်နေကြတာပါတယ်နော်။မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်လုံးက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ နှစ်ယောက်သားက

တိုင်တိုင်ပင်ပင်နဲ့ စီးပွားရေးလေးတွေကိုလုပ်ဆောင်နေကြတာဖြစ်ပါတယ်။သူတို့ရဲ့ Page လေးဖြစ်တဲ့ SEIN PHYO & YI ဆိုတဲ့Page လေးမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မျှဝေနေတာဖြစ်ပြီး ပရိသတ်တွေကလည်း မောင်နဲ့ရီရီပွင့်ဖြူကို

ချစ်ကြလို့ အားပေးကြည့်ရှု့ကြပါတယ်နော်။ အခုဆိုရင်လည်း မောင်နဲ့ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်က “အရာဝတ္ထုပစ္စည်းဆိုတာ ကိုယ်ဆီမှာပဲ တဖြေးဖြေးသိမ်းထားရင်း တန်ဖိုးမဲ့သွားတာထက်စာရင်..တန်ဖိုးရှိနေတုန်း ကိုယ့်လိုတန်ဖိုးထားမယ့်သူနောက်တယောက်ကို

ပေးလိုက်တာပိုကောင်းတယ်လို့..တွေးမိလို့.. စုထားတဲ့ အရုပ်လေးတွေကို လိုချင်တဲ့ကလေးတွေကို ပေးလိုက်ပါတယ်”ဆိုပြီး တွေ့သမျှကလေးလေးတွေကို အရုပ်လှလှလေးတွေလက်ဆောင်ပေးနေတဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source : SEIN PHYO & YI ‘s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *