သားယောကျာ်းလေးကို ပထမဆုံးပိုင်ဆိုင်ရတော့မှာမို့ ပျော်ရွှင်နေကြတဲ့ သက်သခင်နဲ့ စိုးရန်အောင်





Read in UNICODE

ပြည်သူချစ် စုံတွဲလေးဖြစ်တဲ့ စိုးရန်အောင်နဲ့ သက်သခင်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို အတူတူ ရိုက်ကူးရင်း ဖူးစာဆုံခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ စိုးရန်အောင်နဲ့ သက်သခင်က ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် မေလအတွင်းမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင်

အိမ်ထောင်သက် (၂)နှစ်ကျော်တောင် ရှိပြီပဲ ဖြစ်ပါတယ်။ စိုးရန်အောင်နဲ့ သက်သခင်က အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ချစ်စရာကောင်းပြီး အားကျဖွယ်ကောင်းတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အခုဆိုရင် သက်သခင်က သူမရဲ့

ပထမဦးဆုံးကိုယ်ဝန်ကို လွယ်ထားတာ (၃)လရှိပြီဖြစ်ပြီး သူမရဲ့ ဘဝထဲကို ရောက်ရှိလာမယ့် ရင်သွေးလေးအတွက် ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ သက်သခင်ရဲ့ ဗိုက်ထဲက ကလေးလေးက သားယောကျာ်းလေးဖြစ်တာကို သိရတဲ့အချိန်မှာတော့ သက်သခင်ကလည်း

အရမ်းဝမ်းသာနေသလို စိုးရန်အောင်ကလည်း အရမ်းပျော်ရွှင်နေတာကို တွေ့ရပါတယ်။ စိုးရန်အောင်နဲ့ သက်သခင်ကတော့ လက်ရှိမှာ ဗိုက်ထဲက ရင်သွေးလေးအတွက် အစစအရာရာ ဂရုစိုက်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း စိုးရန်အောင်နဲ့ သက်သခင်အတွက် ဝမ်းသာဂုဏ်ယူစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Source : Thet Thakhin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *