လမ်းမှာတွေ့ခဲ့တဲ့ ကလေးလေးတွေကို သနားလို့ မုန့်ဖိုးတွေပေးပြီး တတ်နိုင်သလောက် ကူညီပေးခဲ့တယ်ဆိုတဲ့ ရဲလေးမ






Read in UNICODE

ဇာတ်ပို့သရုပ်ဆောင်ရဲလေးမကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာ မိန်းကလေးလိုဝတ်စားဆင်ယင်ပြီး သရုပ်ဆောင်တာဖြစ်ပါတယ်။ရဲလေးမရဲ့ အမူအရာ၊အိုင်တင်တွေကလည်း ကျရာဇာတ်ရုပ်နဲ့ကိုက်ညီပြီး ပရိသတ်တွေကို ဘဝအမောတွေခဏတာ

ပြေပျောက်သွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ရဲလေးမကတော့ လက်ရှိမှာဆိုရင် တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကိုလည်းလုပ်ဆောင်နေပြီး ဇာတ်ကားတွေကိုလည်း ဖြည်းဖြည်းမှန်မှန်ရိုက်ကူးနေတာဖြစ်ပါတယ်။ ရဲလေးမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း

သူ့ရဲ့အနုပညာအရည်အသွေးကိုလည်း အားပေးကြသလို သူ့ရဲ့စိတ်ထားလေးကိုလည်းချစ်ကြပါတယ်။ရဲလေးမက လူသားချင်းကိုယ်ချင်းစာနာစိတ်အပြည့်ရှိပြီး သူတတ်နိုင်သလောက်ကို ကြုံရင်ကြုံသလို လှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရဲလေးမက

လမ်းပေါ်မှာတွေ့တဲ့ကလေးတွေကို စာနာစိတ်အပြည့်နဲ့ မုန့်ဖိုးလေးတွေပေးပြီး တတ်နိုင်သလောက်ကူညီပေးခဲ့တာဖြစ်ပါတယ်နော်။ ရဲလေးမကတော့ “သူတို့လေးတွေလည်းလူထဲကလူပါပဲအနာဂါတ်ပျောက်နေတဲ့သူတို့လေးတွေကိုစာနာတယ်သနားတယ်

ဒါ့ကြောင့်တွေ့တဲ့နေရာရောက်တဲ့နေရာတတ်နိုင်သလောက်အမြဲလှူတယ်ပေးတယ် အများကြီးမလှူနိုင်ဘူးနိုင်သလောက်အလှူတယ်အနာဂါတ်အလင်းတစ်ခုထွန်းလင်းပြီး လမ်းကြောင်းမှန်တဲ့ဘဝ‌လေးတစ်ခုအမြန်ဆုံးပိုင်ဆိုင်ပါစေလို့ ဦးရဲလေးမဆုတောင်းရုံမှတစ်ပါး”ဆိုပြီး ရေးသားကာ သူတတ်နိုင်သလောက်လှူခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Source : Ye Lay Ma’s Facebook | Reference & Credit : Myanmaload

Add a Comment

Your email address will not be published. Required fields are marked *