ဘုရားပေါ်မှာ နှစ်ယောက်သား တက်ညီလက်ညီနဲ့ တံမြက်စီးတွေလှည်းရင်း ဝေယျာဝိစ္စကုသိုလ်ယူခဲ့ကြတဲ့ ဖွေးဖွေးတို့ မောင်နှမ
Read in UNICODE
သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးရဲ့ သရုပ်ဆောင်အိုက်တင်တွေဟာလည်း တစ်ကားထက်တစ်ကား ပိုမိုပီပြင်ကောင်းမွန်လာမှုတို့ကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို
လက်မလည်အောင် ရိုက်ကူးနေရတဲ့ ထိပ်တန်းမင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ ခရီးတွေ မကြာခဏ ထွက်ရတာကို နှစ်သက်တဲ့ ဖွေးစိန်လေးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က တောင်ကြီး ၊ အင်းလေး ၊ ကလောကို ချစ်မေမေ၊ မောင်လေးနဲ့ ချစ်ခင်ရတဲ့
အစ်မတွေနဲ့အတူ အပန်းဖြေခရီး သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကြည့်ရှုနိုင်အောင် အချိန်နဲ့ တစ်ပြေးညီတင်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ ဖခင်ဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ
ပုံလေးတွေ တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဘုရားမှာ တံမြက်စည်းလှည်းကာ တက်ညီလက်ညီနဲ့ ဝေယျာဝစ္စကုသိုလ်ယူနေကြတဲ့ ဖွေးစိန်တို့ မောင်နှမနှစ်ယောက် ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ဖွေးစိန်လေးဟာ
မကြာသေးခင်ကလည်း သူငယ်ချင်းတွေနဲ့အတူ အေးချမ်းလှတဲ့ ကလောမြို့လေးကို သွားရောက်လည်ပတ်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖွေးစိန်လေးတို့ မောင်နှမ နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Phway Phway’s Facebook & Kyaw Kyaw Win’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *