မြန်မာအိုင်ဒေါ Season (4)ခုလုံးက မောင်နှမတွေ စုပြီး သီချင်းအသစ်လေးတစ်ပုဒ်ကို ချပြတော့မယ်ဆိုတဲ့ ဘီလီလမင်းအေး





Read in UNICODE

ပရိသတ်တွေ နှစ်စဉ်နှစ်တိုင်း ရင်ခုန်စွာနဲ့ အားပေးစောင့်ကြည့်ခဲ့ရတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးက အခုဆိုရင် Season (4) ခုတောင် အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးခဲ့ပြီ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကနေတဆင့် အရည်အချင်းရှိတဲ့

မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး Top (11) ပြိုင်ပွဲဝင်တွေကလည်း ဂီတလမ်းကြောင်းပေါ်မှာ ကိုယ်စီ လျှောက်လှမ်းနေကြပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Myanmar Idol Season (4) ခုစလုံးက မောင်နှမတွေစုပြီး သီချင်းသစ်လေးတစ်ပုဒ်ကို

ချပြတော့မယ်လို့ Myanmar Idol Season (2) က ဘီလီလမင်းအေးက ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု ပါးထားပါတယ်။ Myanmar Idol Season (4) ခုစလုံးက မောင်နှမတွေက သီချင်းလေးကို MV အဖြစ်ပါ ရိုက်ကူးနေပြီမို့ မကြာခင်အချိန်အတွင်း

နားဆင်ရတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်အကြိုက် Myanmar Idol Season (4) ခုစလုံးက အဆိုတော်တွေပါဝင်တာမို့ ဒီသီချင်းလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ပရိသတ်ကြီးလည်း ဒီသီချင်းလေး ထွက်ရှိလာမယ့်အချိန်လေးကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းပေးကြပါဦးနော်။

Source : Billy La Min Aye’s Facebook

Add a Comment

Your email address will not be published. Required fields are marked *