အဖေနဲ့အမေရဲ့ အပြန်အလှန်မေတ္တာထားတာကို ငယ်ငယ်ထဲကကြည့်ပြီး အားကျကျေနပ်ခဲ့ရတယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း
Read in UNICODE
ပိုင်ဇေရဲထွန်းကတော့ ငယ်စဉ်က တီဗီကြော်ငြာ၊ သီချင်းဗီစီဒီနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ လက်မလည်အောင် ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက ငယ်စဉ် အောင်မြင်စဉ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး အခုလက်ရှိ အသက် (၄၃)နှစ်အရွယ်မှာတော့
သားသမီးသုံးယောက်နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေက ပိုင်ဇေရဲထွန်းရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် ပိုင်ဇေရဲထွန်းရဲ့ မိသားစုလေးကိုပါ ချစ်ခင်အားပေးကြပါတယ်။ ဒီနေ့မှာတော့ ပိုင်ဇေရဲထွန်းက သူ့ရဲ့
ငယ်ဘဝအမှတ်တရဓာတ်ပုံလေးကို မျှဝေပေးရင်း ဖေဖေ၊ မေမေရဲ့ အပြန်အလှန်မေတ္တာတွေကိုကြည့်ပြီး အားကျခဲ့ရကြောင်းကို “ကိုယ်ဆိုတာ အဖေ အမေကြား ဒါမျိုးကျေနပ်နေတာပါဆို 😍 ငယ်ငယ်ကရုပ်ကလဲကွာ စုတ်ချွန်းချွန်းနဲ့ ကြီးလာတော့လဲမထူးပါဘူး 😊😊😉😉 I love you ဖေ နဲ့ မေ” ဆိုပြီး
အမှတ်တရပြောထားပါတယ်။ ပိုင်ဇေရဲထွန်းကတော့ ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် လေးစားချစ်ခင်ကြတဲ့ မိဘနှစ်ပါးကိုကြည့်ပြီး ကြီးပြင်းခဲ့ရတာမို့ သူအိမ်ထောင်ကျတဲ့အခါမှာလည်း ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။
Source : Paing Zay Ye Htun’s Facebook