ကင္မရာကို ၾကည့္ၿပီး ခဏခဏ ရယ္လိုက္ျပံဳးလိုက္နဲ႔ ၾကာလာေတာ့ ပရိသတ္ေတြ မေျပာနဲ႔ ကိုယ့္မ်က္ႏွာ ကိုယ္ေတာင္ ျပန္မၾကည့္ခ်င္ေတာ့ဘူးဆိုတဲ့ ေနတိုး
|မင္းသားေခ်ာေနတိုးက ဆယ္ေက်ာ္သက္အရြယ္တည္းက အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူျဖစ္ျပီး အခုခ်ိန္ထိတိုင္ ေအာင္ျမင္မႈလမ္းမေပၚမွာ ေလွ်ာက္လွမ္းေနဆဲ ျဖစ္ပါတယ္။ အေနေအးျပီး တည္ျငိမ္လြန္းတဲ့ ေနတိုးကို ပရိသတ္ေတြကလည္း ခ်စ္ၾကသလို

လုပ္ေဖာ္ကိုင္ဖက္ အနုပညာေမာင္နွမမ်ားကလည္း ခ်စ္ခင္ၾကတာပဲ ျဖစ္ပါတယ္။ ေနတိုးက လက္ရိွမွာလည္း အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္းလူပ်ိဳၾကီးအျဖစ္ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ေနတိုးက သူ့ရဲ့

ပရိသတ္ေတြအတြက္ ေၾကာ္ျငာရိုက္ကြင္းမွ အမွတ္တရဓာတ္ပံုေတြကို မွ်ေဝရင္း “Mixstar ဖိနပ္အတြက္ photo shooting ပါ ျမင္ေနက်ပုံေတြနဲ႔မတူေအာင္ေတာ့႐ိုက္ထားပါတယ္🙂 camera ၾကည့္ၿပီခဏခဏ ၿပဳံးျပလိုက္😊 ရီျပလိုက္😄နဲ႔ၾကာလာေတာ့ ပရိသတ္မေျပာနဲ႔ ကိုယ့္မ်က္ႏွာေတာင္ကိုယ့္ျပန္မၾကည့္ခ်င္ေတာ့လို႔ …❤🙈🌧🌦☔🙂” ဆိုျပီး

ေျပာထားတာကို ေတြ့ရပါတယ္။ ေနတိုးကေတာ့ အနုပညာေလာကမွာ က်င္လည္ခဲ့တာ ဆယ္စုနွစ္တစ္စုၾကာျပီဆုိေပမယ့္ ပရိသတ္ေတြ အျမင္မရိုးရေအာင္ အျမဲတမ္း ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးရဲ့ ျမင္ေနက်ပံုစံေတြနဲ့မတူဘူးဆိုတဲ့ ေၾကာ္ျငာအသစ္ေလးထြက္ရိွလာရင္ အားေပးၾကပါဦးေနာ္။
Read in UNICODE
မင်းသားချောနေတိုးက ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး အခုချိန်ထိတိုင် အောင်မြင်မှုလမ်းမပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးကို ပရိသတ်တွေကလည်း ချစ်ကြသလို

လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမများကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးက သူ့ရဲ့

ပရိသတ်တွေအတွက် ကြော်ငြာရိုက်ကွင်းမှ အမှတ်တရဓာတ်ပုံတွေကို မျှဝေရင်း “Mixstar ဖိနပ်အတွက် photo shooting ပါ မြင်နေကျပုံတွေနဲ့မတူအောင်တော့ရိုက်ထားပါတယ်🙂 camera ကြည့်ပြီခဏခဏ ပြုံးပြလိုက်😊 ရီပြလိုက်😄နဲ့ကြာလာတော့ ပရိသတ်မပြောနဲ့ ကိုယ့်မျက်နှာတောင်ကိုယ့်ပြန်မကြည့်ချင်တော့လို့ …❤🙈🌧🌦☔🙂” ဆိုပြီး

ပြောထားတာကို တွေ့ရပါတယ်။ နေတိုးကတော့ အနုပညာလောကမှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်တစ်စုကြာပြီဆိုပေမယ့် ပရိသတ်တွေ အမြင်မရိုးရအောင် အမြဲတမ်း ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ မြင်နေကျပုံစံတွေနဲ့မတူဘူးဆိုတဲ့ ကြော်ငြာအသစ်လေးထွက်ရှိလာရင် အားပေးကြပါဦးနော်။
Source : Nay Toe’s Facebook