သဲဖြူဆရာတော်ကြီးကို ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြတဲ့ စိုးမြတ်သူဇာတို့ ညီအမ(၄)ယောက်
Read in UNICODE
လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မကို လူကြီး လူငယ်ပရိသတ်မရွေး အားပေးကြမယ် ထင်ပါတယ်။ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မက အနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို
ညီအစ်မလေးယောက်ပေါင်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း အောင်အောင်မြင်မြင် တည်ထောင်ထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ စိုးညီအစ်မလေးယောက်စလုံးကို ချစ်ခင်စွာနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို အားပေးကြတာ တွေ့ရပါတယ်။ ဒီကနေ့
ဇွန်လ (၂၇) ရက်နေ့မှာတော့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မလေးယောက်က သဲဖြူဆရာတော်ဘုရားကြီးနေ့ဆွမ်းကပ်လှူပြီး ဝါဆိုသင်္ကန်းအလှူလေးကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပရိသတ်ကြီးအတွက် မိသားစုအလှူလေးမှာတွေ့ရတဲ့ စိုးညီအစ်တွေရဲ့
ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မကတော့ အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေမှာ အတွဲညီသလို အလှူအတန်းမှာလည်း လက်မနှေးကြတဲ့ ညီအစ်မတွေပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မတွေကို ချစ်တဲ့ ပရိသတ်ကြီးလည်း သဘောကျကျေနပ်ကြမယ်လို့ ထင်ပါတယ်နော်။
Source : Sandy Myint Lwin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *