မိဘႏွစ္ပါး အိမ္ေထာင္ကြဲတဲ့အခ်ိန္က ဒုကၡအရမ္းေရာက္ခဲ့ၿပီး ဒီလိုအေျခအေနျဖစ္ဖို႔ (၁၁)ႏွစ္ေလာက္ ႀကိဳးစားခဲ့ရတယ္ဆိုတဲ့ လိေမၼာ္သီး

သမီးအႀကီးဆုံးျဖစ္တဲ့ လိေမၼာ္သီးက မိသားစုအတြက္ သူမကိုယ္တိုင္ ဦးစီးၿပီး႐ုန္းကန္ေနရသူပါ။ မိဘႏွစ္ပါး လမ္းခြဲလိုက္တဲ့အခ်ိန္ (၂)ႏွစ္အတြင္းမွာ အရမ္းကို ဒုကၡေရာက္ခဲ့ၿပီး သုညကေန ဒီလိုအေျခအေနေရာက္ေအာင္ သူမျပန္ႀကိဳးစားခဲ့ရတာလို႔ ဆိုပါတယ္။ “ဆယ္တန္းေဘာ္ဒါေနတဲ့အခ်ိန္မွာ အိမ္က အဆင္မေျပဘူး။အမက မသိဘူး ေဘာ္ဒါေဆာင္မွာေရာက္ ေနတာဆိုေတာ့ ၿပီးသြားေတာ့မွ အေမနဲ႔အေဖကအဆင္မေျပဘူး အိမ္ေထာင္ကြဲၿပီ ဘာညာဆိုေတာ့ အကုန္လုံး ခြဲထုတ္ ေရာင္းစရာရွိတာေရာင္း ၂ႏွစ္ေလာက္အတြင္းမွာ ေတာ္ေတာ္

ဒုကၡေရာက္ခဲ့တာ။ ၿပီးေတာ့မွ အမအေမ့ကို ေျပာတယ္သမီးလုပ္ေကြၽးမယ္ဆိုၿပီး သုညကေန ဘဝကို ျပန္စ ခဲ့တာ။ ဘာတစ္ခုမွ မရွိတဲ့ဘဝကေန ဒီဘဝေရာက္ေအာင္ အမ (၁၁)ႏွစ္ ႀကိဳးစားလာခဲ့ရတာ” လို႔ သူမက ေျပာပါတယ္။ သမီးအႀကီးဆုံးတစ္ေယာက္ျဖစ္တဲ့အတြက္ တစ္အိမ္လုံးရဲ႕ကိစၥရပ္ေတြကို ဦးစီးၿပီး စဥ္းစားေဆာင္႐ြက္ရတာေၾကာင့္ ညပိုင္း အိပ္မေပ်ာ္တဲ့ ေန႔ရက္ေတြအမ်ားႀကီး ရွိခဲ့တယ္လို႔ သူမက ရင္ဖြင့္ခဲ့ပါတယ္ ။ဒါေပမယ့္လည္း သူမႀကိဳးစားခဲ့လိုက္တဲ့အရာေလးေတြကို ျပန္စဥ္းစားမိလိုက္တိုင္း ေက်နပ္ခဲ့ရပါတယ္တဲ့။ “အခုခ်ိန္မွာေတာ့ျပန္စဥ္းစားလိုက္ရင္ေက်နပ္တယ္။ အမလိုခ်င္တာ

တစ္ခုဝယ္ရတိုင္း ေအာ္ ငါင့ါပိုက္ဆံနဲ႔ ငါဝယ္ရတာပဲ ဆိုၿပီး ေက်နပ္မိတယ္။ မိသားစုကိုလည္း ငါဒီလိုထားႏိုင္သားပဲ ဆိုၿပီး ေက်နပ္တယ္ စိတ္ညစ္ရတာေတြ ဘာေတြ ရွိခဲ့ေပမယ့္လည္း အခုခ်ိန္မွာႀကိဳးစားခဲ့လို႔ မိဘစကားနားေထာင္လို႔ လိမၼာလို႔ ပိုက္ဆံစုလို႔ ဒီလိုေနရတယ္ေပ့ါ အဲ့အတြက္ေတာ့ တစ္ခါတေလ မဆိုးပါဘူးေတာ္ပါေသးတယ္ ပ်က္ဆီးမသြားဘူးေပ့ါဆိုၿပီးေတြးမိတယ္”လို႔ သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။အခုဆိုရင္ သူမအေနနဲ႔ မိသားစုကို ကိုယ္ပိုင္လုံးခ်င္းအိမ္နဲ႔

ထားႏိုင္ခဲ့ပါၿပီ။ လိေမၼာ္သီးကိုေတာ့ Rock သီခ်င္းေလးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။ သူမဟာ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာအမူအရာအျပင္၊ အရပ္ရွည္ရွည္၊ ဆံပင္ရွည္ရွည္တို႔ကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး အသံပါဝါအားေကာင္းမႈေတြေၾကာင့္လည္း ပရိသတ္ေတြက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင္ သူမရဲ႕ ဂီတသက္တမ္းဟာ ၁၁ ႏွစ္ခန႔္ရွိေနၿပီျဖစ္ပါတယ္။ သူမဟာ “လိေမၼာ္သီးရဲ႕ လိေမၼာ္ေရာင္ စိတ္ကူးမ်ား”၊ “လူမွန္” ၊ “ဒဏ္ရာႏွလုံးသား” စတဲ့ တစ္ကိုယ္ေတာ္အေခြေတြ ထြက္ရွိထားပါတယ္။ အခုဆိုရင္ေတာ့ ေနာက္ထပ္ တစ္ကိုယ္ေတာ္ေခြအေနနဲ႔ “အသက္ရွင္မယ့္သူ” ဆိုတဲ့ တစ္ကိုယ္ေတာ္ ေတးစီးရီးကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ အတြင္းမွာ ထြက္ရွိခဲ့ၿပီးၿပီလည္း ျဖစ္ပါတယ္။

Read in UNICODE

သမီးအကြီးဆုံးဖြစ်တဲ့ လိမ္မော်သီးက မိသားစုအတွက် သူမကိုယ်တိုင် ဦးစီးပြီးရုန်းကန်နေရသူပါ။ မိဘနှစ်ပါး လမ်းခွဲလိုက်တဲ့အချိန် (၂)နှစ်အတွင်းမှာ အရမ်းကို ဒုက္ခရောက်ခဲ့ပြီး သုညကနေ ဒီလိုအခြေအနေရောက်အောင် သူမပြန်ကြိုးစားခဲ့ရတာလို့ ဆိုပါတယ်။ “ဆယ်တန်းဘော်ဒါနေတဲ့အချိန်မှာ အိမ်က အဆင်မပြေဘူး။အမက မသိဘူး ဘော်ဒါဆောင်မှာရောက် နေတာဆိုတော့ ပြီးသွားတော့မှ အမေနဲ့အဖေကအဆင်မပြေဘူး အိမ်ထောင်ကွဲပြီ ဘာညာဆိုတော့ အကုန်လုံး ခွဲထုတ် ရောင်းစရာရှိတာရောင်း ၂နှစ်လောက်အတွင်းမှာ တော်တော်

ဒုက္ခရောက်ခဲ့တာ။ ပြီးတော့မှ အမအမေ့ကို ပြောတယ်သမီးလုပ်ကျွေးမယ်ဆိုပြီး သုညကနေ ဘဝကို ပြန်စ ခဲ့တာ။ ဘာတစ်ခုမှ မရှိတဲ့ဘဝကနေ ဒီဘဝရောက်အောင် အမ (၁၁)နှစ် ကြိုးစားလာခဲ့ရတာ” လို့ သူမက ပြောပါတယ်။ သမီးအကြီးဆုံးတစ်ယောက်ဖြစ်တဲ့အတွက် တစ်အိမ်လုံးရဲ့ကိစ္စရပ်တွေကို ဦးစီးပြီး စဉ်းစားဆောင်ရွက်ရတာကြောင့် ညပိုင်း အိပ်မပျော်တဲ့ နေ့ရက်တွေအများကြီး ရှိခဲ့တယ်လို့ သူမက ရင်ဖွင့်ခဲ့ပါတယ် ။ဒါပေမယ့်လည်း သူမကြိုးစားခဲ့လိုက်တဲ့အရာလေးတွေကို ပြန်စဉ်းစားမိလိုက်တိုင်း ကျေနပ်ခဲ့ရပါတယ်တဲ့။ “အခုချိန်မှာတော့ပြန်စဉ်းစားလိုက်ရင်ကျေနပ်တယ်။ အမလိုချင်တာ

တစ်ခုဝယ်ရတိုင်း အော် ငါင့ါပိုက်ဆံနဲ့ ငါဝယ်ရတာပဲ ဆိုပြီး ကျေနပ်မိတယ်။ မိသားစုကိုလည်း ငါဒီလိုထားနိုင်သားပဲ ဆိုပြီး ကျေနပ်တယ် စိတ်ညစ်ရတာတွေ ဘာတွေ ရှိခဲ့ပေမယ့်လည်း အခုချိန်မှာကြိုးစားခဲ့လို့ မိဘစကားနားထောင်လို့ လိမ္မာလို့ ပိုက်ဆံစုလို့ ဒီလိုနေရတယ်ပေ့ါ အဲ့အတွက်တော့ တစ်ခါတလေ မဆိုးပါဘူးတော်ပါသေးတယ် ပျက်ဆီးမသွားဘူးပေ့ါဆိုပြီးတွေးမိတယ်”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။အခုဆိုရင် သူမအနေနဲ့ မိသားစုကို ကိုယ်ပိုင်လုံးချင်းအိမ်နဲ့

ထားနိုင်ခဲ့ပါပြီ။ လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ”၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ “အသက်ရှင်မယ့်သူ” ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *