နေ့ဆွမ်းနဲ့အလှူငွေများ ဆရာတော်အရှင်ဆန္ဒာဓိကအား ဆပ်ကပ်လှူဒါန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်





Read in UNICODE

ဝတ်မှုန်ရွှေရည်ကတော့ ရုပ်လေးလည်းလှသလို စိတ်ထားမွန်မြတ်သူလေးတစ်ယောက်ပါ။ အလှူအတန်းတွေကိုမကြာခဏလုပ်သလို လိုအပ်တဲ့နေရာတွေမှာလှူဒါန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး

အခုလည်း ဆရာတော် အရှင်ဆန္ဒာဓိကကို လှူဒါန်းဖြစ်ခဲ့တဲ့ ကုသိုလ်ကို “ဒီနေ့ ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)အား နေ့ဆွမ်းဆပ်ကပ်ခြင်း နဝကမ္မ အလှူငွေ လှူဒါန်း ကုသိုလ်ယူဖြစ်ပါတယ်ရှင့် ကစ်ပြုသမျှ ကုသိုလ်အားလုံးတို့အား (၇) ရက်

သားသမီးများအား အမျှပေးပါတယ်…ထပ်တူထပ်မျှရကြပါစေ”ဆိုပြီးတော့ ဖေ့ဘွတ်မှာရေးသားခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကမှာထိပ်တန်းမင်းသမီးအဖြစ်အောင်မြင်သလို Asia Special Award

ရရှိတဲ့အထိလည်း အာရှမှာအသိအမှတ်ပြုခံရတဲ့မင်းသမီးတစ်လက်ပါ။ Professional ပိုင်းမှာ ထူးချွန်လှသလို သဒ္ဓါတရားလည်းထက်သန်တာကြောင့် ပရိသတ်တွေအားပေးရကျိုးနပ်တဲ့ မင်းသမီးတစ်လက်ပါပဲနော်…

Source : Wutt Hmone Shwe Yi’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *