ေမွာ္ဘီက မိဘမဲ့ေဂဟာမွာ စားေသာက္ကုန္ေတြ လွဴဒါန္းရင္း ကေလးတိုင္းကို မုန္႔ဖို႔း(၅)ေထာင္ ေဝေပးခဲ့တဲ့ ျဖဴျဖဴေထြး

မင္းသမီးေခ်ာေလး ျဖဴျဖဴေထြးကေတာ့ ဟာသ ဗီဒီယိုေလးေတြနဲ႔ လူသိမ်ားလာခဲ့ၿပီး အေကာင္းဆုံးႀကိဳးစားအားထုတ္မႈေတြေၾကာင့္ အႏုပညာေလာကမွာ ေနရာတစ္ခုကို အခိုင္မာရပ္တည္လာႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ လတ္ရွိမွာေတာ့ ျဖဴျဖဴေထြးက ေၾကာ္ျငာေတြကို ဆက္တိုက္ဆိုသလို

႐ိုက္ကူးေနရၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနရတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ျဖဴျဖဴေထြး ဟာ အၿမဲလိုလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတက္ၿပီး ကေလးေလးတစ္ေယာက္လို ဟန္ေဆာင္မႈကင္းတာေၾကာင့္ ခ်စ္ခင္သူေတြေပါမ်ားေနတာျဖစ္ပါတယ္။ျဖဴျဖဴေထြး ကေတာ့

အသက္ငယ္႐ြယ္ေပမယ့္ ဘာသာတရားအထူးကိုင္းရႈိင္းသူေလးျဖစ္သလို မိဘေပၚမွာလည္း သိတက္လိမၼာတဲ့ အႏုပညာရွင္ေလးပါေနာ္..။ ဒါ့အျပင္ သူမ ရရွိတဲ့ အႏုပညာေငြေၾကးတခ်ိဳ႕ကိုလည္း လိုအပ္ေနတဲ့ သူေတြကို တက္ႏိုင္သေလာက္ လႉဒါန္းမႈေတြကို ျပဳလုပ္ေပးတာကို ပရိသတ္ေတြလည္း

ျမင္ေတြ႕ေနရမယ္လို႔ထင္ပါတယ္။ ယခုတစ္ခါမွာလည္း မင္းသမီးေခ်ာေလး ျဖဴျဖဴေထြးက ပရိသတ္ေတြ ၾကည္ႏူးဝမ္းသာစရာေကာင္းေလာက္တဲ့ အလႉေလးတစ္ခုျပဳလုပ္ခဲ့တဲ့ ဗီဒီယိုေလးကို သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးလာခဲ့ပါတယ္။ ဒီအလႉေလးကေတာ့ မိဘမဲ့ေဂဟာက ကေလးေတြကို အေျခခံစားေသာက္ကုန္ေတြ သြားေရာက္လႉဒါန္းရင္း မုန႔္ဖိုးေတြေပးကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္

သီခ်င္းေတြအဖြဲ႕လိုက္ဆိုခဲ့ၾကတဲ့ ဗီဒီယိုေလးပဲျဖစ္ပါတယ္။ ဒီဗီဒီယိုေလးနဲ႔လည္း ျဖဴျဖဴေထြးက ” ျဖဴျဖဴေထြး ဘဝေလးမွာ ကိုယ္ေပးႏိုင္တဲ့ေမတၱာေလးပါ ျပဳသမွ်ကုသလ (၇) ရက္သားသမီးအားလုံး ရၾကပါေစ ” ဆိုၿပီး စိတ္ေစတနာအျပည့္နဲ႔ ဆုမြန္ေကာင္းေတာင္းေပးထားပါေသးတယ္။ တကယ့္ကို ၾကည္ႏူးပီတိျဖစ္စရာ အလႉေလးျပဳလုပ္ခဲ့တဲ့ အခ်စ္ေတာ္ေလး ျဖဴျဖဴေထြးကို ခ်စ္ပရိသတ္ေတြက ဒီထပ္မက လႉဒါန္းမႈေတြျပဳလုပ္ႏိုင္ေအာင္ ဆုမြန္ေကာင္းေလးေတာင္းေပးလိုက္ပါဦးေနာ္..။

Read in UNICODE

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသ ဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီး အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်မာရပ်တည်လာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ လတ်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို

ရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေး ဟာ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းတာကြောင့် ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။ဖြူဖြူထွေး ကတော့

အသက်ငယ်ရွယ်ပေမယ့် ဘာသာတရားအထူးကိုင်းရှိုင်းသူလေးဖြစ်သလို မိဘပေါ်မှာလည်း သိတက်လိမ္မာတဲ့ အနုပညာရှင်လေးပါနော်..။ ဒါ့အပြင် သူမ ရရှိတဲ့ အနုပညာငွေကြေးတချို့ကိုလည်း လိုအပ်နေတဲ့ သူတွေကို တက်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးတာကို ပရိသတ်တွေလည်း

မြင်တွေ့နေရမယ်လို့ထင်ပါတယ်။ ယခုတစ်ခါမှာလည်း မင်းသမီးချောလေး ဖြူဖြူထွေးက ပရိသတ်တွေ ကြည်နူးဝမ်းသာစရာကောင်းလောက်တဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ မိဘမဲ့ဂေဟာက ကလေးတွေကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းရင်း မုန့်ဖိုးတွေပေးကာ ပျော်ပျော်ရွှင်ရွှင်

သီချင်းတွေအဖွဲ့လိုက်ဆိုခဲ့ကြတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဖြူဖြူထွေးက ” ဖြူဖြူထွေး ဘဝလေးမှာ ကိုယ်ပေးနိုင်တဲ့မေတ္တာလေးပါ ပြုသမျှကုသလ (၇) ရက်သားသမီးအားလုံး ရကြပါစေ ” ဆိုပြီး စိတ်စေတနာအပြည့်နဲ့ ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။ တကယ့်ကို ကြည်နူးပီတိဖြစ်စရာ အလှူလေးပြုလုပ်ခဲ့တဲ့ အချစ်တော်လေး ဖြူဖြူထွေးကို ချစ်ပရိသတ်တွေက ဒီထပ်မက လှူဒါန်းမှုတွေပြုလုပ်နိုင်အောင် ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်..။

Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *