ဖခင်ဖြစ်သူက စစ်သားကြီးဖြစ်ခဲ့သလို သူလဲ အဖေ့ရဲ့ခြေရာအတိုင်း အနီးစပ်ဆုံး စစ်ဗိုလ်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း
Read in UNICODE
ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသား ပိုင်ဇေရဲထွန်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပိုင်ဇေရဲထွန်းကတော့ တစ်ခေတ်တစ်ခါရဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားတစ်လက်ဖြစ်ပြီး အခုလက်ရှိမှာတော့
ချစ်ရတဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်စွာ နေ့ရက်တိုင်းကို ဖြတ်သန်းနေသူပဲဖြစ်ပါတယ်.။ ချစ်ရတဲ့ဇနီးနဲ့ သားသမီးတွေအတွက် အချိန်ပေးဖြစ်နေသူ ပိုင်ဇေရဲထွန်းကတော့ ဒီနေ့ ဇွန်လ (၂၅)ရက်နေ့မှာ လေးစားရတဲ့ ဖခင်ဖြစ်သူရဲ့ အကြောင်းလေးတွေကို “ငယ်ငယ်ထဲက ကျွန်တော့် Hero စစ်သားကြီးဖေဖေ.။ ငယ်ငယ်က
ကြီးလာရင် ဘာလုပ်မလဲမေး စစ်သားကြီးလုပ်မှာလို့ မဆိုင်းမတွဖြေခဲ့ဖူးတယ်။ ကြီးလာတော့လည်း စစ်ဗိုလ်ဖြစ်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ဖူးတယ်။ အခုထိလည်း စစ်သား ဘဝ ဖြစ်ချင်တုန်းပါဘဲ။ ဖေဖေ့လိုဘဲ အမြဲတမ်းစစ်တိုက်နေရပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်တဲ့
စစ်တိုက်တဲ့ စစ်သားကြီးဖြစ်ချင်တယ်.။ ပဲခူး ခမရ (၇) ရှေ့တန်းပြန်အမှတ်တရဓာတ်ပုံလေးနဲ့ ဂုဏ်ယူလျက် Photo အတွက် တီအိ ကိုကျေးဇူး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပိုင်ဇေရဲထွန်းကတော့ ချစ်ခင်လေးစားရတဲ့ ဖခင်ဖြစ်သူရဲ့ခြေရာအတိုင်း လုပ်ချင်ခဲ့တဲ့ ငယ်ဘဝ အိမ်မက်လေးတွေ အကြောင်းကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်
Source : Paing Zay Ye Tun’s Facebook