အင်းလေးကန်ကြီးကို ချစ်ကြသလို သူ့ကိုလည်း ချစ်ပေးကြပါဆိုတဲ့ ဆောင်းဝတ်ရည်မေ
Read in UNICODE
ဆောင်းဝတ်ရည်မေဟာဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိလာတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကတော့” ဝိညာဉ်ရှိုက်သံ၊ အမုန်းမှသည် … အစရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးတစ်လက်
အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ သူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် အနုပညာလုပ်ငန်းတွေကို ဒီထက်မက အောင်မြင်မှု  ပိုမိုရရှိအောင်ကြိုးစားလျက်ရှိပါတယ်။ဆောင်းဝတ်ရည်မေကတော့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ
တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ ဆောင်းဝတ်ရည်မေက“တောင်တန်းကြီးတွေနဲ့ရေပြင်ကျယ်ကြီးရှိတဲ့ အင်းလေးကန်ကြီးကို ချစ်သလို ကျွန်မကိုလဲချစ်ပါ”လို့ဆိုပြီး သူမရဲ့ ချောမောလှပနေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ အင်းလေးကန်ကြီးကို
ချစ်သလို သူမကိုလည်း ချစ်ပေးပါလို့ တောင်းဆိုလိုက်တာပါပဲနော် ပရိသတ်ကြီးရေ။ ပရိသတ်တွေအတွက် ဆောင်းဝတ်ရည်မေရဲ့ ရေပြင်ကန်ကြီးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း ဆောင်းဝတ်ရည်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Soure : Hsaung Witt Yee May’s Facebook
Add a Comment
Your email address will not be published. Required fields are marked *