သူငယ္ခ်င္းေတြနဲ႔ စုေပါင္းၿပီး ရန္ကုန္တိရစာၦန္႐ုံမွာ ရွိတဲ့ တိရစာၦန္ေလးေတြအတြက္ အစာအာဟာရေတြ သြားေရာက္လႉဒါန္းခဲ့တဲ့ အလင္းေရာင္

အလင္းေရာင္ကေတာ့ Covid ကာလေၾကာင့္ ရန္ကုန္ တိရစာၦန္႐ုံထဲက တိရစာၦန္ေလးေတြ အတြက္ အစာအာဟာရ သြားေရာက္ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ ဧည့္သည္ေတြ မလာၾကတဲ့အခါ အစား ပုံမွန္ မစားၾကရေတာ့ စိတ္မေကာင္းျဖစ္ရတယ္လို႔ ဆိုပါတယ္။ “မေန႔က ကြၽန္ေတာ္တို႔ သူငယ္ခ်င္းတစ္စုရဲ႕ စုေပါင္းအလႉေလးပါ။ အခုလိုကာလမွာ တိရစာၦန္႐ုံလည္း ပိတ္ထားရေတာ့ လာလည္တဲ့သူေတြမရွိတဲ့အခါ

သူတို႔ေလးေတြလည္း အရင္လိုေတာ့ မစားရရွာဘူးေပါ့ ။သနားစရာေကာင္းတဲ့ သူတို႔ေလးေတြကို အစာအာဟာရ လႉဒါန္းခြင့္ရတဲ့အတြက္လည္း ၾကည္ႏူးပီတိျဖစ္ရပါတယ္။ တတ္ႏိုင္သေလာက္ သြားေရာက္လႉဒါန္းဖို႔လည္း တိုက္တြန္းပါရေစ…..” ဆိုၿပီးေတာ့ ဇြန္လ ၂၅ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ အလင္းေရာင္ကေတာ့ COVID-19

ကာလၿပီးတဲ့အခ်ိန္မွာ သူခ်စ္ရတဲ့ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံသြားမယ္လို႔ ဆိုပါတယ္။ ပရိသတ္ေတြနဲ႔လည္း အရမ္းဆုံခ်င္တယ္လို႔ သူက ေျပာပါတယ္။ “ ဒီ Covid ႀကီးၿပီးရင္ ကြၽန္ေတာ့္ရဲ႕ Lighter ေလးေတြနဲ႔ Fan Meeting ေလး တစ္ခုေလာက္ အတတ္ႏိုင္ဆုံး ကြၽန္ေတာ္ ႀကိဳးစားၿပီးေတာ့ လုပ္ပါမယ္။ ေနာက္ထပ္ ေနာက္ထပ္ေတြလည္း ထပ္ဆုံဖို႔အတြက္ အဲဒီလိုမ်ိဳးေလး ဆုံခ်င္ပါတယ္။ အေသးစိတ္ကိုေတာ့

ပြဲလုပ္ျဖစ္မယ္ ဆိုတာနဲ႔ ေသခ်ာ ျပန္ေျပာေပးပါ့မယ္” ဆိုၿပီးေတာ့ ေမလ ၂၂ ရက္ေန႔တုန္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ Live လႊင့္ရင္း ေျပာခဲ့တာျဖစ္ပါတယ္။ အလင္းေရာင္ဟာ First Love ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေနစၿပီး ေခါင္းေဆာင္မင္း သားတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ ခဲ့ရာမွ

ပရိသတ္ေတြအားေပးမႈအမ်ားႀကီးရရွိလာခဲ့တာပါ။ First Love ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ေအာင္ျမင္ခဲ့ၿပီးေနာက္ ” ဘယ္ရည္းစားကို အခ်စ္ဆုံးလဲ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ေအာင္ျမင္မႈေတြ ဆက္လက္ရရွိခဲ့ပါတယ္။ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ Oh..My Crush ဆိုတဲ့ ေတးစီးရီး Audio ကိုေတာ့ ၂၀၁၆ ခုႏွစ္ ၄ လပိုင္းမွာ ထြက္ရွိခဲ့တာပါ။ ဒီအေခြေလး MTV ထြက္ႏိုင္ဖို႔ကိုလည္း ႀကိဳးစားေနတယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုထားပါတယ္။

Read in UNICODE

အလင်းရောင်ကတော့ Covid ကာလကြောင့် ရန်ကုန် တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်လေးတွေ အတွက် အစာအာဟာရ သွားရောက် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဧည့်သည်တွေ မလာကြတဲ့အခါ အစား ပုံမှန် မစားကြရတော့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ “မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ စုပေါင်းအလှူလေးပါ။ အခုလိုကာလမှာ တိရစ္ဆာန်ရုံလည်း ပိတ်ထားရတော့ လာလည်တဲ့သူတွေမရှိတဲ့အခါ

သူတို့လေးတွေလည်း အရင်လိုတော့ မစားရရှာဘူးပေါ့ ။သနားစရာကောင်းတဲ့ သူတို့လေးတွေကို အစာအာဟာရ လှူဒါန်းခွင့်ရတဲ့အတွက်လည်း ကြည်နူးပီတိဖြစ်ရပါတယ်။ တတ်နိုင်သလောက် သွားရောက်လှူဒါန်းဖို့လည်း တိုက်တွန်းပါရစေ…..” ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် အလင်းရောင်ကတော့ COVID-19

ကာလပြီးတဲ့အချိန်မှာ သူချစ်ရတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့လည်း အရမ်းဆုံချင်တယ်လို့ သူက ပြောပါတယ်။ “ ဒီ Covid ကြီးပြီးရင် ကျွန်တော့်ရဲ့ Lighter လေးတွေနဲ့ Fan Meeting လေး တစ်ခုလောက် အတတ်နိုင်ဆုံး ကျွန်တော် ကြိုးစားပြီးတော့ လုပ်ပါမယ်။ နောက်ထပ် နောက်ထပ်တွေလည်း ထပ်ဆုံဖို့အတွက် အဲဒီလိုမျိုးလေး ဆုံချင်ပါတယ်။ အသေးစိတ်ကိုတော့

ပွဲလုပ်ဖြစ်မယ် ဆိုတာနဲ့ သေချာ ပြန်ပြောပေးပါ့မယ်” ဆိုပြီးတော့ မေလ ၂၂ ရက်နေ့တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ

ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် ” ဘယ်ရည်းစားကို အချစ်ဆုံးလဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *