က်န္းမာေရးအေျခအေန ျပန္ေကာင္းလာၿပီျဖစ္တဲ့ ဦမန္းဝင္းအတြက္ ဝမ္းသာေနတဲ့ ေကာင္းေက်ာ္

က်န္းမာေရး ျပန္လည္ေကာင္းမြန္လာၿပီျဖစ္တဲ့ လူ႐ႊင္ေတာ္ႀကီး ဦးမန္းဝင္းအတြက္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ကေတာ့ ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ ဦးမန္းဝင္းကလည္း သူ႔အတြက္ ဆရာတစ္ေယာက္ပါပဲလို႔ ေျပာျပလာပါတယ္။ “ ဦးမန္းဝင္းတို႔နဲ႔ တစ္တန္းတည္းျဖစ္တဲ့ ဦးတို႔ရဲ႕ အေဖဆရာ၊ အဘိုးဆရာေတြကို ဒီအခ်ိန္မွာ ဘယ္သူ႔ကိုမွ မတိမ္းပါးေစခ်င္ေသးဘူး။ သူတို႔ေတြက ကိုယ္ေတြအတြက္ေတာ့

ေ႐ႊတြင္းႀကီးလိုပါပဲ။ သိခ်င္တာေတြ၊ တတ္ခ်င္တာေတြ ေမးလို႔၊ ျမန္းလို႔ရတယ္။ သူတို႔ဆီက ပညာေတြလည္း ယူလို႔ မကုန္ေသးတဲ့အတြက္ ဒီလို ပုဂၢိဳလ္မ်ိဳးႀကီးေတြကို အထိခိုက္မခံခ်င္ေသးဘူး။ ဦးမန္းဝင္း က်န္းမာေရး ျပန္ေကာင္းလာတဲ့အတြက္လည္း အရမ္းဝမ္းသာေနရတယ္” လို႔ ဆိုပါတယ္။ေကာင္းေက်ာ္ဟာ

ဒီေန႔ ဇြန္လ(၂၅) ရက္ေန႔ က ဦးမန္းဝင္းရဲ႕ က်န္းမာေရးအေျခအေနကို သတင္းသြားေမးခဲ့ပါေသးတယ္တဲ့။ ဦးမန္းဝင္း ေဆး႐ုံတက္ေနရတဲ့ အခ်ိန္မွာလည္း လူ႐ႊင္ေတာ္ အသင္းက က်န္းမာေရး ေထာက္ပံ့ေငြ ကူညီခဲ့တယ္လို႔ သူက ေျပာပါတယ္။ “ ဦးမန္းဝင္းရဲ႕ က်န္းမာေရးကိုသိခ်င္လို႔ဆိုၿပီးေတာ့ သူ႔အိမ္ကို သတင္းသြားေမးတယ္။ အိမ္ေရာက္ေတာ့ မ်က္စိဖြင့္ၾကည့္တယ္ ကြၽန္ေတာ့္ကို မွတ္မိလားဆိုေတာ့

သိတယ္တဲ့ ေကာင္းေက်ာ္ ဆိုၿပီးေတာ့ ေျပာတယ္။ ၿပီးခဲ့တဲ့ တစ္ေခါက္က သူ ေဆး႐ုံတက္ရတဲ့ အခ်ိန္မွာ ဦးတို႔ လူ႐ႊင္ေတာ္အသင္းက တစ္သိန္း လႉဒါန္းခဲ့တယ္။ ပထမတုန္းက သူ႔ကိုလက္လႊတ္လိုက္ရၿပီေတာင္ ထင္ထားတာ။ သူက လည္ေခ်ာင္းကလည္း ေဖာက္ထားရေသးတာ ဆိုေတာ့ စကားကို သိပ္မေျပာျဖစ္ဘူး။ အရင္တုန္းကထက္စာရင္ေတာ့

က်န္းမာေရး တိုးတက္လာတာေပါ့ေနာ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ေကာင္းေက်ာ္ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ သူဟာ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြမွာလည္း ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပါဝင္ခဲ့သူပါ။ အခုဆိုရင္ေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္းဟာ ႏွစ္ေပါင္း(၂၀)ခန႔္ရွိၿပီျဖစ္ပါတယ္။ လက္ရွိမွာလည္း သဘင္အစည္းအ႐ုံးရဲ႕ ျပန္ၾကားေရး တာဝန္ယူထားရတယ္လို႔လည္း သိရပါတယ္။

Read in UNICODE

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်းအတွက် လူရွှင်တော် ကောင်းကျော်ကတော့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဦးမန်းဝင်းကလည်း သူ့အတွက် ဆရာတစ်ယောက်ပါပဲလို့ ပြောပြလာပါတယ်။ “ ဦးမန်းဝင်းတို့နဲ့ တစ်တန်းတည်းဖြစ်တဲ့ ဦးတို့ရဲ့ အဖေဆရာ၊ အဘိုးဆရာတွေကို ဒီအချိန်မှာ ဘယ်သူ့ကိုမှ မတိမ်းပါးစေချင်သေးဘူး။ သူတို့တွေက ကိုယ်တွေအတွက်တော့

ရွှေတွင်းကြီးလိုပါပဲ။ သိချင်တာတွေ၊ တတ်ချင်တာတွေ မေးလို့၊ မြန်းလို့ရတယ်။ သူတို့ဆီက ပညာတွေလည်း ယူလို့ မကုန်သေးတဲ့အတွက် ဒီလို ပုဂ္ဂိုလ်မျိုးကြီးတွေကို အထိခိုက်မခံချင်သေးဘူး။ ဦးမန်းဝင်း ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက်လည်း အရမ်းဝမ်းသာနေရတယ်” လို့ ဆိုပါတယ်။ကောင်းကျော်ဟာ

ဒီနေ့ ဇွန်လ(၂၅) ရက်နေ့ က ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေကို သတင်းသွားမေးခဲ့ပါသေးတယ်တဲ့။ ဦးမန်းဝင်း ဆေးရုံတက်နေရတဲ့ အချိန်မှာလည်း လူရွှင်တော် အသင်းက ကျန်းမာရေး ထောက်ပံ့ငွေ ကူညီခဲ့တယ်လို့ သူက ပြောပါတယ်။ “ ဦးမန်းဝင်းရဲ့ ကျန်းမာရေးကိုသိချင်လို့ဆိုပြီးတော့ သူ့အိမ်ကို သတင်းသွားမေးတယ်။ အိမ်ရောက်တော့ မျက်စိဖွင့်ကြည့်တယ် ကျွန်တော့်ကို မှတ်မိလားဆိုတော့

သိတယ်တဲ့ ကောင်းကျော် ဆိုပြီးတော့ ပြောတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က သူ ဆေးရုံတက်ရတဲ့ အချိန်မှာ ဦးတို့ လူရွှင်တော်အသင်းက တစ်သိန်း လှူဒါန်းခဲ့တယ်။ ပထမတုန်းက သူ့ကိုလက်လွှတ်လိုက်ရပြီတောင် ထင်ထားတာ။ သူက လည်ချောင်းကလည်း ဖောက်ထားရသေးတာ ဆိုတော့ စကားကို သိပ်မပြောဖြစ်ဘူး။ အရင်တုန်းကထက်စာရင်တော့

ကျန်းမာရေး တိုးတက်လာတာပေါ့နော်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ကောင်းကျော်ကိုတော့ လူရွှင်တော် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့သူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သဘင်အစည်းအရုံးရဲ့ ပြန်ကြားရေး တာဝန်ယူထားရတယ်လို့လည်း သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *