ဆံပင်ပုံစံပြောင်းထားတဲ့ သူမကို အရမ်းတွေချစ်ပြနေတဲ့ ရဲရင့်အောင်ရဲ့ မက်ဆေ့လေးတွေ ချပြခဲ့တဲ့ ဧငြိမ်းဖြူ
Read in UNICODE
ရဲရင့်အောင်လို့ ပြောလိုက်တာနဲ့ ဧငြိမ်းဖြူကို တွဲမြင်ကြမယ်ထင်ပါတယ်နော် ။သူတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုတဲ့ အပြင်ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ အတူ အေးတူပူအမျှလက်တွဲခဲ့ကြတာ သက်တမ်း(၃)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့အပြင် လိုက်ဖက်ညီလှတဲ့
စုံတွဲလေးတစ်တွဲလို့လည်း ဆိုနိုင်ပါတယ်။ ပရိသတ်တွေ ချစ်ခင်သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲက သူတို့စုံတွဲလေးတစ်တွဲအပါအဝင်ဖြစ်ပြီး နားလည်မှုရှိရှိနဲ့လက်တွဲကာ သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲဘဝလေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ရဲရင့်အောင်ကတော့
ဘယ်သွားသွားဘာလုပ်လုပ် အချိန်တိုင်းအသိပေးပြီး အရမ်းဂရုစိုက်တဲ့ ချစ်သူဖြစ်တဲ့အပြင် ပိုင်ဆိုင်ထားပြီး မွေးနေ့နဲ့ နေ့ထူးနေ့ရက်လေးတွေရောက်တိုင်း နှစ်ယောက်အတူတူအချိန်ကုန်လေ့ရှိကြပါသေးတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သူတို့စုံတွဲလေးကတော့ပရိသတ်တွေအသည်းတယားယားဖြစ်အောင်
ရိုမန့်ဆန်ဆန်ချစ်နေကြတဲ့ ပုံရိပ်လေးတွေမကြာမကြာတင်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဆံပင်စတိုင်ပြောင်းထားတဲ့ချစ်သူလေးကို အချစ်ပိုနေတဲ့ ရဲရင့်အောင်ရဲ့ Meassageလေးတွေနဲ့အတူ အပြန်အလှန်ချစ်ကြောင်းပြောနေတဲ့ စာလေးတွေကို ဧငြိမ်းဖြူရဲ့ လူမှုကွန်ရက်စာမျက်နှာ MyDay မှာချပြခဲ့တာပါ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရဲရင့်အောင်တို့ စုံတွဲလေးကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : A Nyein Phyu’s Facebook
Add a Comment
Your email address will not be published. Required fields are marked *