ခြံထဲက အမေဖြစ်သူ စိုက်ထားသမျှ သီးပင်စားပင်တွေကို ချက်ပြုတ်စားသောက်နေရတာကို သဘောကျမဆုံးဖြစ်နေတဲ့ စိုးပြည့်သဇင်
Read in UNICODE
အေးဆေးပြီး ချစ်စရာကောင်းလွန်းသူ မင်းသမီး စိုးပြည့်သဇင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ စိုးပြည့်လေးကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ပြီး ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်.။ ဘဝကို ချစ်တဲ့မိဘနှစ်ပါးနဲ့အတူ အနုပညာအလုပ်တွေကို
လုပ်ကိုင်ရင်း ပေါ့ပါးစွာ ဖြတ်သန်းနေသူပါ။ အိမ်မှုကိစ္စနဲ့ အချုပ်အလုပ်တွေကို မိန်းမသားပီသစွာ တတ်ကျွမ်းသူ စိုးပြည့်လေးကတော့ ဇွန်လ (၂၄)ရက်နေ့မှာ သူမတို့အိမ်မှာ သီးပင်စားပင်လေးတွေကို ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အကြောင်းလေးကို “စိုးပြည့်တို့ခြံထဲမှာ သီးပင်စားပင်တွေ
အများကြီးစိုက်ထားတယ်…။ ဘာလို့လဲဆိုတော့ စိုးပြည့်က ကန်စွန်းရွက်အရမ်းစားလို့.. နေ့တိုင်းလိုလိုကြော်စားတယ်လေ…။ အဲ့ဒါနဲ့ဘဲ…ခြံထဲမှာစိုက်မယ်..။ Organic ဘဲစားပါ… အန္တရာယ်ကင်းတယ်ဆိုပြီး… ခြံထဲမှာကန်စွန်းရွက်ကစလို့.. မျိုးစုံစိုက်တော့တာပါဘဲ… ငရုတ်.. ချဉ်ပေါင်… မြင်းခွါ.. ဟင်းနုနွယ်.. ရုံးပသီ…
ပင်စိမ်း.. နံနံ.. ကြက်သွန်မြိတ်.. မုန်ညှင်း.. .ပူစီနံ… ရွက်ယို.. မျိုးစုံစိုက်တယ်.. မေမေက အပင်စိုက် အရမ်းဝါသနာပါတယ်…. သရက်တို့… ငှက်ပျောတို့.. ပိန္နဲပင်တောင်ရှိတယ်… ။ စိုးပြည့်ကတော့ အပင်စိုက်တာ သိပ်ဝါသနာမပါ…. ပန်းပင်တော့ကြိုက်တယ်….။မေမေစိုက်သမျှ
ခြံထဲဆင်းခူးပြီး… ကြော်တော့စားတတ်ပါတယ်နော်..။ ခုလည်း ဓါတ်ပုံလေးရိုက်ရင်း ကန်စွန်းရွက်ခူးပြီး မှိုနဲ့ကြော်စားလိုက်တယ်…. ဝွန်းးးးးး” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ စိုးပြည့်လေးကတော့ ကိုယ်တိုင် အပင်စိုက်ရတာ ဝါသနာမပါပေမယ့် မိခင်ဖြစ်သူစိုက်သမျှတွေကို ခြံထဲဆင်းခူးကာ ကြော်စားနေရတာကို ပျော်ရွှင်နေတဲ့ ပုံလေးက ချစ်ဖို့ကောင်းလွန်းပါတယ်နော်.
Source : Soe Pyae Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *