မိသားစုလုပ္ငန္း လုပ္ရင္းရတဲ့ အျမတ္အစြန္းပိုက္ဆံေတြနဲ႔ ဘိုးဘြားရိပ္သာမွာ သြားေရာက္လွဴဒါန္းခဲ့တဲ့ ေနမ်ိဳးေအာင္တို႔ ဇနီးေမာင္ႏွံ

မင္းသားႀကီးေနမ်ိဳးေအာင္ကေတာ့ အႏုပညာေလာကမွာ ဆယ္စုႏွစ္တစ္ခုတိုင္ရပ္တည္ေနခဲ့ၿပီး အၾကမ္း အႏု ဇာတ္စုံရတဲ့ မင္းသားႀကီးျဖစ္လို႔ ပရိသတ္ေတြ အႀကိဳက္ေတြ႕ေနခဲ့တဲ့ သူပါေနာ္။ ဗီဒီယိုဇာတ္ကားမ်ားစြာကို တိက်ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ခဲ့တဲ့ ေနမ်ိဳးေအာင္က အခုလက္ရွိမွာေတာ့

အႏုပညာလႈပ္ရွားမႈေတြကို ေခတၱရပ္ဆိုင္းထားၿပီး မိသားစုနဲ႔အတူ ေပ်ာ္႐ႊင္စြာ ေနထိုင္ေနသူလည္းျဖစ္ပါတယ္.။ ေနမ်ိဳးေအာင္ရဲ႕ သာယာေပ်ာ္႐ႊင္ၿပီး ေႏြးေထြးတဲ့ မိသားစုေလးကို ပရိသတ္ေတြက အားက်ခ်စ္ခင္ေနတာလည္းျဖစ္ပါတယ္…..။ေနမ်ိဳးေအာင္က အိမ္မႈကိစၥႏိုင္နင္းၿပီး အရာရာကို သိတက္နားလည္တဲ့

ခ်စ္ဇနီးေခ်ာေလးနဲ႔အတူ သားေခ်ာေလး ႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ အႏုပညာလႈပ္ရွားမႈေတြအျပင္ ကိုယ္ပိုင္စီးပြားေရးလႈပ္ငန္းေတြလည္း တည္ေထာင္ထားတဲ့ မင္းသားႀကီးေနမ်ိဳးေအာင္က အခုလက္ရွိမွာလည္း အာၿဗဲစိန္ ငါးပိ ငံျပာေရေရာင္းဝယ္ေရးဆိုတဲ့

လုပ္ငန္းေလးကို ဇနီးေခ်ာေလးနဲ႔အတူ လုပ္ငန္းေနတာပါေနာ္။ လုပ္ငန္းေလးက ရရွိတဲ့ အျမတ္အစြန္းေလးနဲ႔ ပရဟိတလုပ္ငန္းေတြကိုလည္း တက္ႏိုင္သေလာက္လုပ္ေဆာင္ေနတာကိုလည္း ေတြ႕ရပါတယ္…….။ယေန႔မွာလည္း ေနမ်ိဳးေအာင္တို႔ ဇနီးေမာင္ႏွံက “အာၿဗဲစိန္ ငါးပိ ငံျပာေရေရာင္းဝယ္ေရး

အျမတ္အစြန္းမွလႉဒါန္းပါသည္ ဘိုးဘြားမ်ားတေန႔တာ အာဟာရ ႏွင့္ ပေဒသပင္အတြက္ပါ” ဆိုတဲ့ စာသားေလးနဲ႔အတူ တေန႔တာ အလႉျပဳေနတဲ့ ပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ တင္ေပးလာတာပဲျဖစ္ပါတယ္။ ကဲ… ခ်စ္ရတဲ့ ပရိသတ္ေတြအတြက္ မင္းသားႀကီး ေနမ်ိဳးေအာင္တို႔ မိသားစုရဲ႕ တေန႔တာ အလႉျပဳမႈမ်ားကို ၾကည့္ရႈေစႏိုင္ရန္အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္……….။

Read in UNICODE

မင်းသားကြီးနေမျိုးအောင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်ရပ်တည်နေခဲ့ပြီး အကြမ်း အနု ဇာတ်စုံရတဲ့ မင်းသားကြီးဖြစ်လို့ ပရိသတ်တွေ အကြိုက်တွေ့နေခဲ့တဲ့ သူပါနော်။ ဗီဒီယိုဇာတ်ကားများစွာကို တိကျပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တဲ့ နေမျိုးအောင်က အခုလက်ရှိမှာတော့

အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေသူလည်းဖြစ်ပါတယ်.။ နေမျိုးအောင်ရဲ့ သာယာပျော်ရွှင်ပြီး နွေးထွေးတဲ့ မိသားစုလေးကို ပရိသတ်တွေက အားကျချစ်ခင်နေတာလည်းဖြစ်ပါတယ်…..။နေမျိုးအောင်က အိမ်မှုကိစ္စနိုင်နင်းပြီး အရာရာကို သိတက်နားလည်တဲ့

ချစ်ဇနီးချောလေးနဲ့အတူ သားချောလေး နှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေးလှုပ်ငန်းတွေလည်း တည်ထောင်ထားတဲ့ မင်းသားကြီးနေမျိုးအောင်က အခုလက်ရှိမှာလည်း အာဗြဲစိန် ငါးပိ ငံပြာရေရောင်းဝယ်ရေးဆိုတဲ့

လုပ်ငန်းလေးကို ဇနီးချောလေးနဲ့အတူ လုပ်ငန်းနေတာပါနော်။ လုပ်ငန်းလေးက ရရှိတဲ့ အမြတ်အစွန်းလေးနဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တက်နိုင်သလောက်လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်…….။ယနေ့မှာလည်း နေမျိုးအောင်တို့ ဇနီးမောင်နှံက “အာဗြဲစိန် ငါးပိ ငံပြာရေရောင်းဝယ်ရေး

အမြတ်အစွန်းမှလှူဒါန်းပါသည် ဘိုးဘွားများတနေ့တာ အာဟာရ နှင့် ပဒေသပင်အတွက်ပါ” ဆိုတဲ့ စာသားလေးနဲ့အတူ တနေ့တာ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ… ချစ်ရတဲ့ ပရိသတ်တွေအတွက် မင်းသားကြီး နေမျိုးအောင်တို့ မိသားစုရဲ့ တနေ့တာ အလှူပြုမှုများကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……….။

Source : အာၿဗဲစိန္’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *