မိုးတြင္းကာလအတြက္ ထီးအေခ်ာင္း(၄၀၀)လွဴဒါန္းဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ ခိုင္ႏွင္းေဝ
|ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသမီးေခ်ာ ခိုင္ႏွင္းေဝကေတာ့ လက္ရွိမွာ အႏုပညာလုပ္ငန္းေတြထက္ ပရဟိတအလုပ္ေတြကို ပိုမိုလုပ္ကိုင္ေနတာ ပရိသတ္ေတြလည္း သိရွိၿပီးသားျဖစ္မွာပါ။ ကေလးသူငယ္ေစာင့္ေရွာက္ေရး ေဂဟာေလးကိုလည္းဖြင့္လွစ္ထားၿပီး ပရဟိတအလုပ္ေတြကို

လုပ္ကိုင္ေနတဲ့ မအျပင္ လိုအပ္တဲ့ ေနရာေတြမွာလည္း လိုက္ခံလႉဒါန္းေနပါေသးတယ္။ Covid ကာလမွာလည္း တတ္ႏိုင္သေလာက္ အေျခခံလူတန္းစားေတြအတြက္ အေျခခံစားေသာက္ကုန္ေတြကိုလႉဒါန္းေနေပးေနခဲ့ၿပီး မၾကာခင္အခ်ိန္ကလည္း မိုးတြင္းကာလအတြက္ မိုးတြင္းစီးဖိနပ္ေတြကိုဝယ္ယူၿပီး လႉဒါန္းေပးခဲ့ပါေသးတယ္။ အခုတစ္ေခါက္မွာလည္း

ခိုင္ႏွင္းေဝက မိုးတြင္းအတြက္ ထီးေတြဝယ္လႉသြားဖို႔ စီစဥ္ေနတဲ့ အေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပလာခဲ့ပါတယ္။ ခိုင္းႏွင္းေဝက လာမယ့္ ဇြန္လ (၂၉)ရက္ေန႔မွာ ထီးအေခ်ာင္း (၄၀၀)တိတိကို လႉဒါန္းေပးသြားပဲျဖစ္ပါတယ္။ ထီးလႉဒါန္းမႈမွာ

ပါဝင္ကုသိုလ္ယူလႉဒါန္းခ်င္တဲ့သူေတြအေနနဲ႔လည္း 092033826 ကို ဆက္သြယ္လႉဒါန္းလို႔ရပါတယ္လို႔လည္း ေဖာ္ျပထားပါေသးတယ္။ ပရိသတ္ႀကီးေရ ထီးလႉရတဲ့ အက်ိဳးေၾကာင့္ မိမိမွာ အကာအကြယ္ရတတ္သလို သူမ်ားကို အရိပ္ေပး ၍ မိမိလဲ အရိပ္ေကာင္းေကာင္းနဲ႔ဘဝလမ္းခရီးေျဖာင့္ျဖဴးႏိုင္တာမို႔ ပါဝင္လႉဒါန္းႏိုင္ဖို႔ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။
Read in UNICODE
ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေထက် ပရဟိတအလုပ်တွေကို ပိုမိုလုပ်ကိုင်နေတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာလေးကိုလည်းဖွင့်လှစ်ထားပြီး ပရဟိတအလုပ်တွေကို

လုပ်ကိုင်နေတဲ့ မအပြင် လိုအပ်တဲ့ နေရာတွေမှာလည်း လိုက်ခံလှူဒါန်းနေပါသေးတယ်။ Covid ကာလမှာလည်း တတ်နိုင်သလောက် အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေကိုလှူဒါန်းနေပေးနေခဲ့ပြီး မကြာခင်အချိန်ကလည်း မိုးတွင်းကာလအတွက် မိုးတွင်းစီးဖိနပ်တွေကိုဝယ်ယူပြီး လှူဒါန်းပေးခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း

ခိုင်နှင်းဝေက မိုးတွင်းအတွက် ထီးတွေဝယ်လှူသွားဖို့ စီစဉ်နေတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ ခိုင်းနှင်းဝေက လာမယ့် ဇွန်လ (၂၉)ရက်နေ့မှာ ထီးအချောင်း (၄၀၀)တိတိကို လှူဒါန်းပေးသွားပဲဖြစ်ပါတယ်။ ထီးလှူဒါန်းမှုမှာ

ပါဝင်ကုသိုလ်ယူလှူဒါန်းချင်တဲ့သူတွေအနေနဲ့လည်း 092033826 ကို ဆက်သွယ်လှူဒါန်းလို့ရပါတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ ပရိသတ်ကြီးရေ ထီးလှူရတဲ့ အကျိုးကြောင့် မိမိမှာ အကာအကွယ်ရတတ်သလို သူများကို အရိပ်ပေး ၍ မိမိလဲ အရိပ်ကောင်းကောင်းနဲ့ဘဝလမ်းခရီးဖြောင့်ဖြူးနိုင်တာမို့ ပါဝင်လှူဒါန်းနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်။
Source : Khine Hnin Wai | Reference & Credit : Cele Gabar