သားသမီးေတြကို သူတို႔ ဇနီးေမာင္ႏွံတုန္းကလို အိုးမဲ့၊ အိမ္မဲ့ ဘဝကို မျဖတ္သန္းေစခ်င္ဘူးဆိုတဲ့ မင္းညီ

မင္းညီဟာ သားသမီးေလးေတြကို မိဘတစ္ေယာက္ အေနနဲ႔ အိုးမဲ့ အိမ္မဲ့ မျဖစ္ေစခ်င္ဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ လက္ရွိေနေနတဲ့ တိုက္ခန္းက်ဥ္းေလးကို ေရာင္းၿပီး ေျမကြက္ဝယ္၊ အိမ္ေဆာက္ေနတယ္လို႔ ေျပာျပလာပါတယ္။ “သူတို႔ရဲ႕ ဆႏၵက တိုက္ခန္းက်ဥ္းက်ဥ္းေလးထဲမွာ မေနခ်င္ဘူးဆိုေတာ့ ကြၽန္ေတာ္ တိုက္ခန္းေရာင္းၿပီး ၁၀၊ ၆၀ ေျမဝယ္လိုက္တယ္။ အဲဒီအခ်ိန္မွာ အိမ္ေဆာက္ဖို႔ ပိုက္ဆံေရာ

ရွိရဲ႕လား မရွိရင္ ဒီေလာက္..ဒီေလာက္ ယူထား ဆိုၿပီးေတာ့ အတိုးမယူ၊ ေပးခ်င္ေပး မေပးခ်င္ေန ဆိုတဲ့ သေဘာနဲ႔ အိမ္တစ္လုံး ေဆာက္ျဖစ္သြားတာေပါ့။ သူတို႔ရဲ႕ ဆႏၵကို မိဘေတြကလည္း ထားေပးခ်င္လိုက္တာလို႔ စိတ္ကူးလိုက္ရင္ သူ႔ဘာသာသူ အလိုလို ေနရင္း ျဖစ္လာတာပဲ။ ကေလးေတြရဲ႕ အနာဂတ္ကကြၽန္ေတာ္တို႔တုန္းကလို အိုးမဲ့၊ အိမ္မဲ့ေတာ့ မျဖစ္ေတာ့ဘူး။ အိမ္ပိုင္ရာပိုင္ေလးရွိသြားတယ္ေပါ့ေနာ္” ဆိုၿပီးေတာ့ ဇြန္လ ၂၂ ရက္ေန႔က

႐ုပ္ရွင္အစည္းအ႐ုံး အလႉကို လာရင္း ေျဖဆိုခဲ့တာပါ။ မင္းညီက သူ႔ရဲ႕ သားသမီးေတြရဲ႕ ကံဇာတာက အရမ္းေကာင္းတယ္လို႔ ဆိုပါတယ္။ အိုးပိုင္ အိမ္ပိုင္ မရွိတဲ့ သူတို႔ ဇနီးေမာင္ႏွံ အေနနဲ႔ သမီး အႀကီးဆုံးကို စေမြးတဲ့ အခ်ိန္က စလို႔ သားငယ္ေလးကို ေမြးတဲ့ အခ်ိန္ထိ ကံေကာင္းတာေတြ ႀကဳံခဲ့ရပါတယ္တဲ့။ “ဒီကာလမွာ ကြၽန္ေတာ္ ကံေကာင္းတယ္ဆိုတာထက္ ကြၽန္ေတာ့္ သားသမီးေတြရဲ႕ ကံက ပိုေကာင္းတယ္လို႔ ေျပာရမယ္။ ဥပမာ- ကြၽန္ေတာ့္

သမီးအႀကီးကို ေမြးတုန္းက အိမ္ပိုင္မရွိတဲ့ ဘဝကေန တိုက္ခန္း တစ္ခန္း ပိုင္ခဲ့တယ္။ ပိုက္ဆံေတြ ဘယ္က ပိုဝင္လာမွန္း မသိဘူး။ ကိုယ္မေတြ႕ခဲ့ဖူးတဲ့ လူတစ္ေယာက္ကေန မင္း ဒါ႐ိုက္တာလုပ္ပါလား။ မင္း ေၾကာ္ျငာ႐ိုက္ဆိုၿပီးေတာ့ ပိုက္ဆံလာေပးတယ္ အဲဒီလို ရတဲ့ ပိုက္ဆံေတြကေန မိန္းမက ေသခ်ာ စုေဆာင္းတတ္ေတာ့ တိုက္ခန္းေလး ဝယ္ႏိုင္ခဲ့တယ္။ သမီး အလတ္ကို ေမြးတဲ့ အခ်ိန္မွာ နည္းနည္းပိုက်ယ္တဲ့ တိုက္ခန္း

တစ္ခန္းကို ဝယ္ႏိုင္တယ္။ သားငယ္ေလးကို ေမြးတဲ့ အခ်ိန္မွာ ကားေရာ၊ တိုက္ခန္းေရာ ဝယ္ႏိုင္ခဲ့တယ္။ COVID-19 ကာလႀကီးမွာ လည္း ကြၽန္ေတာ့္အတြက္ ဝင္ေငြမရွားျဖစ္ခဲ့တာေပါ့ေနာ္” လို႔ သူက ဆိုပါတယ္။ မင္းညီကိုေတာ့ ဗီဒီယို ဇာတ္ကားေတြမွာ ဇာတ္ပို႔ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ဒါ႐ိုက္တာ တစ္ေယာက္ အေနနဲ႔ ေၾကာ္ျငာေတြ၊ ဗီဒီယို ဇာတ္ကားေတြ နဲ႔ ဇာတ္လမ္းတိုေတြ ႐ိုက္ကူးေနသလို ဇာတ္ၫႊန္းလည္း ေရးတယ္လို႔ သိရပါတယ္။ အခုဆိုရင္ေတာ့ မင္းညီရဲ႕ အႏုပညာသက္တမ္းဟာ (၂၅) ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။

Read in UNICODE

မင်းညီဟာ သားသမီးလေးတွေကို မိဘတစ်ယောက် အနေနဲ့ အိုးမဲ့ အိမ်မဲ့ မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိနေနေတဲ့ တိုက်ခန်းကျဉ်းလေးကို ရောင်းပြီး မြေကွက်ဝယ်၊ အိမ်ဆောက်နေတယ်လို့ ပြောပြလာပါတယ်။ “သူတို့ရဲ့ ဆန္ဒက တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ မနေချင်ဘူးဆိုတော့ ကျွန်တော် တိုက်ခန်းရောင်းပြီး ၁၀၊ ၆၀ မြေဝယ်လိုက်တယ်။ အဲဒီအချိန်မှာ အိမ်ဆောက်ဖို့ ပိုက်ဆံရော

ရှိရဲ့လား မရှိရင် ဒီလောက်..ဒီလောက် ယူထား ဆိုပြီးတော့ အတိုးမယူ၊ ပေးချင်ပေး မပေးချင်နေ ဆိုတဲ့ သဘောနဲ့ အိမ်တစ်လုံး ဆောက်ဖြစ်သွားတာပေါ့။ သူတို့ရဲ့ ဆန္ဒကို မိဘတွေကလည်း ထားပေးချင်လိုက်တာလို့ စိတ်ကူးလိုက်ရင် သူ့ဘာသာသူ အလိုလို နေရင်း ဖြစ်လာတာပဲ။ ကလေးတွေရဲ့ အနာဂတ်ကကျွန်တော်တို့တုန်းကလို အိုးမဲ့၊ အိမ်မဲ့တော့ မဖြစ်တော့ဘူး။ အိမ်ပိုင်ရာပိုင်လေးရှိသွားတယ်ပေါ့နော်” ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့က

ရုပ်ရှင်အစည်းအရုံး အလှူကို လာရင်း ဖြေဆိုခဲ့တာပါ။ မင်းညီက သူ့ရဲ့ သားသမီးတွေရဲ့ ကံဇာတာက အရမ်းကောင်းတယ်လို့ ဆိုပါတယ်။ အိုးပိုင် အိမ်ပိုင် မရှိတဲ့ သူတို့ ဇနီးမောင်နှံ အနေနဲ့ သမီး အကြီးဆုံးကို စမွေးတဲ့ အချိန်က စလို့ သားငယ်လေးကို မွေးတဲ့ အချိန်ထိ ကံကောင်းတာတွေ ကြုံခဲ့ရပါတယ်တဲ့။ “ဒီကာလမှာ ကျွန်တော် ကံကောင်းတယ်ဆိုတာထက် ကျွန်တော့် သားသမီးတွေရဲ့ ကံက ပိုကောင်းတယ်လို့ ပြောရမယ်။ ဥပမာ- ကျွန်တော့်

သမီးအကြီးကို မွေးတုန်းက အိမ်ပိုင်မရှိတဲ့ ဘဝကနေ တိုက်ခန်း တစ်ခန်း ပိုင်ခဲ့တယ်။ ပိုက်ဆံတွေ ဘယ်က ပိုဝင်လာမှန်း မသိဘူး။ ကိုယ်မတွေ့ခဲ့ဖူးတဲ့ လူတစ်ယောက်ကနေ မင်း ဒါရိုက်တာလုပ်ပါလား။ မင်း ကြော်ငြာရိုက်ဆိုပြီးတော့ ပိုက်ဆံလာပေးတယ် အဲဒီလို ရတဲ့ ပိုက်ဆံတွေကနေ မိန်းမက သေချာ စုဆောင်းတတ်တော့ တိုက်ခန်းလေး ဝယ်နိုင်ခဲ့တယ်။ သမီး အလတ်ကို မွေးတဲ့ အချိန်မှာ နည်းနည်းပိုကျယ်တဲ့ တိုက်ခန်း

တစ်ခန်းကို ဝယ်နိုင်တယ်။ သားငယ်လေးကို မွေးတဲ့ အချိန်မှာ ကားရော၊ တိုက်ခန်းရော ဝယ်နိုင်ခဲ့တယ်။ COVID-19 ကာလကြီးမှာ လည်း ကျွန်တော့်အတွက် ဝင်ငွေမရှားဖြစ်ခဲ့တာပေါ့နော်” လို့ သူက ဆိုပါတယ်။ မင်းညီကိုတော့ ဗီဒီယို ဇာတ်ကားတွေမှာ ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေ နဲ့ ဇာတ်လမ်းတိုတွေ ရိုက်ကူးနေသလို ဇာတ်ညွှန်းလည်း ရေးတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ မင်းညီရဲ့ အနုပညာသက်တမ်းဟာ (၂၅) နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *