သားသမီးတွေငယ်တုန်းမှာ အမှတ်တရဓာတ်ပုံရိုက်ထားကြဖို့ ဒါဟာ တန်ဖိုးရှိမှန်းနောက်မှ သိလိမ့်မယ် ဆိုတဲ့ ကိုပေါက်
Read in UNICODE
ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်လူသိများတဲ့ ကိုပေါက်ကတော့ သရုပ်ဆောင်အလုပ်အပြင် အနုပညာလောကမှာ ကဗျာရေး၊ ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်လည်း အောင်မြင်စွာ ရပ်တည်နေတဲ့ သူပါနော်။ ဒါ့အပြင် ကိုပေါက်က
သရုပ်ဆောင်ရာမှာ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်စွာ ပုံဖော်တက်သူဖြစ်လို့ ပရိသတ်တွေက အကြိုက်တွေ့နေကြတာလည်းဖြစ်ပါတယ်နော်…..။ ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး မိသားစုကို
အချိန်ပေးကာ ပျော်ရွှင်နေသူလည်းဖြစ်ပါတယ်။ သူ အားလပ်တဲ့ အချိန်လေးတွေမှာလည်း ဟာသ Tiktokဗီဒီယိုလေးတွေကို ရိုက်ကူးကာ လူမှုကွန်ယက်စာမျက်နှာက တဆင့် ပရိသတ်တွေဆီ မျှဝေပေးလျှက်ရှိနေတာလည်းဖြစ်ပါတယ်။ ကိုပေါက်က အခုလက်ရှိမှာတော့
ချစ်ရတဲ့ မိသားစုနဲ့အတူ မန္တလေးမြို့ကို အလည်သွားရောက်နေတာပဲဖြစ်ပါတယ်…..။ ကိုပေါက်က မန္တလေးမြို့ကို အလည်ရောက်တုန်း မိသားစုတွေ အမှတ်တရရိုက်ကူးဖြစ်ခဲ့တဲ့ ပုံလေးတွေကို မျှဝေလာပြီး ” မန္တလေးရောက် မိသားစုဓာတ်ပုံ သားသမီးတွေငယ်တုန်း
ကိုယ်လည်းအရွယ်ရှိတုန်း မိသားစုဓာတ်ပုံရိုက်ဖို့ မဖြစ်မနေလုပ်ပါ ဒါဟာတန်ဖိုးရှိမှန်း နောက်မှသင်သိလိမ့်မယ်” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ….ချစ်ရတဲ့ ပရိသတ်တွေလည်း ကိုပေါက်တို့ရဲ့ မိသားစု ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……….။
Source : Aung Min Naing’s Facebook & တင္ကိုထြန္း(pro studio) | Reference & Credit : Myanamarload
Add a Comment
Your email address will not be published. Required fields are marked *