ဒေါ်ခင်သန့်စင်အနေနဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးမယ့် လရဲ့အောက်ဘက်မိုင်အဝေးမှာ ရုပ်ရှင်ကားကြီးမှာ ပရိတ်သတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလာမယ့် အိန္ဒြာကျော်ဇင်






Read in UNICODE

အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကို တည်ထောင်ထားတဲ့ နိုင်ငံကျော်အနုပညာရှင်တွေထဲမှာ အိန္ဒြာကျော်ဇင်လည်းအပါအဝင်ဖြစ်ပါတယ်။ သူမဟာ မင်းသားချောပြေတီဦးနဲ့အတူ

သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာပါ။ ဒါ့ပြင်အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမရှိအောင်ကို ထူးချွန်တဲ့သူဖြစ်တာကြောင့်လည်း ထပ်ဆင့်အကယ်ဒမီအိန္ဒြာကျော်ဇင်အနေနဲ့ ရပ်တည်နေတာလည်းဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့်

တစ်သားမွေးတသွေးလှနေတာဖြစ်ပြီး ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒါ့ပြင်အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံသာမက ပန်းချီဆွဲတာ၊ဂစ်တာတီးတာတွေမှာပါ ပါရမီပါပြီးထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အူဝဲဟာဖက်ရှင်ပိုင်းနဲ့ပက်သက်ပြီးလည်း

အပြစ်ဆိုဖွယ်ရာမရှိအောင်ကို လုံလုံခြုံခြုံလေးနဲ့ အမြဲစမတ်ကျနေတဲ့သူလေးပါနော်။ မကြာသေးမီကလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးဟာ သူ့ရဲ့ Facebookစာမျက်နှာတွင် “ဒီ ဝတ္ထုကို ရုပ်ရှင်ရိုက်ချင်လိုက်တာဆိုပြီး ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်ထဲက အကြိမ်ကြိမ် အဖန်ဖန် ပုံဖော်ခဲ့တဲ့ ဒေါ်ခင်သန့်စင် ၊ သိဒ္ဓိ နဲ့ ဒီပါ တို့

မိသားစုလေးဟာ အခုတော့ လက်တွေ့ရုပ်လုံးပေါ်လာခဲ့ပါပြီ။စာအုပ်ထဲမှာ အမြဲ ရင်နှီးနေပြီးသား မိသားစုလေးကို လက်တွေ့ အပြင်မှာ တွေ့ရတာ တော်တော်ထူးဆန်းပြီး ရင်ခုန်ဖို့ကောင်းတဲ့ ခံစားမှု နဲ့ အတွေ့အကြုံပါပဲ” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ အူဝဲဟာ ဒီဇာတ်ကားကြီးမှာဆိုရင် သားနှစ်ယောက်မိခင် ဒေါ်ခင်သန့်စင်အနေနဲ့သရုပ်ဆောင်ထားတာပါ။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Htoo Paing Zaw Oo’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *