နာမည္ႀကီးခ်င္လို႔ ရည္႐ြယ္ၿပီး လုပ္ခဲ့တာ မဟုတ္ေပမယ့္ နာမည္ႀကီးလာတဲ့အခ်ိန္မွာ သာမာန္လူတစ္ေယာက္လို ေနခ်င္မိတယ္ဆိုတဲ့ ျဖဴျဖဴေထြး

ေဖ့စ္ဘြတ္ဆယ္လီကေန အႏုပညာေလာကထဲ ေရာက္လာခဲ့တဲ့ ျဖဴျဖဴေထြးကတစ္ခါတေလမွာ ဘယ္သူ႔မွ မသိတဲ့ သာမာန္ျပည္သူတစ္ေယာက္မ်ိဳး ေနခ်င္မိတယ္လို႔ ဆိုပါတယ္။ “ ဗီဒီယိုေတြ ႐ိုက္ခဲ့တာ နာမည္ႀကီးခ်င္လို႔ ရည္႐ြယ္ခဲ့တာ မဟုတ္ဘူး။ သူ႔ဘာသာသူ ျဖစ္လာတာေပ့ါ။တစ္ခါတေလ က်ရင္နာမည္မႀကီးခ်င္‌ေတာ့ဘူးဆိုတဲ့ စိတ္ေတာင္ျဖစ္တယ္။ လူေတြေတြ႕ရင္ မသိတဲ့သူ တစ္ေယာက္ျဖစ္ခ်င္တာ ။တစ္ခါတေလက်ရင္ မလြတ္လပ္တဲ့အခါမ်ိဳးမွာ ျဖစ္မိတယ္။ ကစားခ်င္တာ တို႔ သစ္ပင္‌ေပၚတက္

တာဆိုရင္အလြင့္တက္တာေလ သူမ်ားေတြက ျမင္ရင္ ဟာလုပ္ျပန္ၿပီတက္ျပန္ၿပီ အဲ့လိုေတြ ေျပာတာကိုမႀကိဳက္တာ။လြတ္လြတ္လပ္လပ္ေနခ်င္တာေပ့ါေနာ္”လို႔ သူမက ဝူခုန္းေၾကာ္ျငာ႐ိုက္ကြင္းမွာ မီဒီယာေတြကို ေျပာခဲ့တာပါ။ ႐ိုးသားႀကိဳးစားမႈကို လက္ကိုင္ထားတဲ့ျဖဴျဖဴေထြးဟာ လက္ရွိမွာ ေၾကာ္ျငာ႐ိုက္ကူးမႈေတြ ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနရသလို ေၾကာ္ျငာေတြအတြက္ ကိုယ္တိုင္ဇာတ္ၫႊန္းေရးတာ ေတြလည္း ျပဳလုပ္ေနတာေတြ႕ရပါတယ္။ သူမကိုယ္တိုင္ ဇာတ္ၫႊန္းေရးေပးၿပီး ႐ိုက္ကူးမႈေတြ ျပဳလုပ္ေပးေနသလို

ကိုဗစ္ကာလမွာ အလုပ္မရွိတဲ့ ဇာတ္ပို႔၊ဇာတ္ရံေတြအတြက္ကိုလည္း ဝင္ေငြရေအာင္ ကူညီေပးေနတာေတြ႕ရပါတယ္။ “အဓိကက ႐ိုးေျဖာင့္တဲ့ဂုဏ္စားလို႔မကုန္တဲ့။ တကယ္႐ိုးေျဖာင့္တဲ့သူက သူ႔လမ္းေၾကာင္းမွန္ကို သူေရာက္သြားလိမ့္မယ္။ ကိုယ့္ဘက္ကသာ ႐ိုးသား ႀကိဳးစားဖို႔ လိုတယ္ အဲ့လိုမ်ိဳး ႀကိဳးစားၿပီး လမ္းေၾကာာင္းမွန္မွန္နဲ႔ ေလွ်ာက္မယ္ဆိုရင္ ေနရာတစ္ေနရာက အၿမဲတမ္းေစာင့္ေမွ်ာ္ေနမွာပါ။တကယ္ ႀကိဳးစားတဲ့သူအတြက္ကေတာ့

ေနရာမရွားပါဘူး” လို႔ သူမရဲ႕ ယုံၾကည္ခ်က္ကို ေျပာျပခဲ့ပါေသးတယ္။ဟာသဗီဒီယိုဖိုင္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြနဲ႔အတူ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတဲ့ျဖဴျဖဴေထြးဟာ ယခုဆိုရင္ေတာ့ ဗီဒီယိုဇာတ္ကားေတြ သာမက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြေတာင္ ႐ိုက္ကူးေနရပါၿပီ။ သူမဟာ ေဝဖန္မႈေတြကိုႀကံ့ႀကံ့ခံၿပီး ကိုယ္ယုံၾကည္ရာကို ေလွ်ာက္လွမ္းလာတဲ့သူ ျဖစ္တာေၾကာင့္ သူ႔ကို ခ်စ္ခင္တဲ့ ပရိသတ္ေတြကိုလည္း ပိုင္ဆိုင္လာခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူမရဲ႕ ႀကိဳးစားအားထုတ္မႈက ရတဲ့ အႏုပညာေၾကးနဲ႔ မိဘေတြကို တိုက္ေဆာက္ေပးထားသူေလးလည္း ျဖစ္ပါတယ္။

Read in UNICODE

ဖေ့စ်ဘွတ်ဆယ်လီကနေ အနုပညာလောကထဲ ရောက်လာခဲ့တဲ့ ဖြူဖြူထွေးကတစ်ခါတလေမှာ ဘယ်သူ့မှ မသိတဲ့ သာမာန်ပြည်သူတစ်ယောက်မျိုး နေချင်မိတယ်လို့ ဆိုပါတယ်။ “ ဗီဒီယိုတွေ ရိုက်ခဲ့တာ နာမည်ကြီးချင်လို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ သူ့ဘာသာသူ ဖြစ်လာတာပေ့ါ။တစ်ခါတလေ ကျရင်နာမည်မကြီးချင်‌တော့ဘူးဆိုတဲ့ စိတ်တောင်ဖြစ်တယ်။ လူတွေတွေ့ရင် မသိတဲ့သူ တစ်ယောက်ဖြစ်ချင်တာ ။တစ်ခါတလေကျရင် မလွတ်လပ်တဲ့အခါမျိုးမှာ ဖြစ်မိတယ်။ ကစားချင်တာ တို့ သစ်ပင်‌ပေါ်တက်

တာဆိုရင်အလွင့်တက်တာလေ သူများတွေက မြင်ရင် ဟာလုပ်ပြန်ပြီတက်ပြန်ပြီ အဲ့လိုတွေ ပြောတာကိုမကြိုက်တာ။လွတ်လွတ်လပ်လပ်နေချင်တာပေ့ါနော်”လို့ သူမက ဝူခုန်းကြော်ငြာရိုက်ကွင်းမှာ မီဒီယာတွေကို ပြောခဲ့တာပါ။ ရိုးသားကြိုးစားမှုကို လက်ကိုင်ထားတဲ့ဖြူဖြူထွေးဟာ လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရသလို ကြော်ငြာတွေအတွက် ကိုယ်တိုင်ဇာတ်ညွှန်းရေးတာ တွေလည်း ပြုလုပ်နေတာတွေ့ရပါတယ်။ သူမကိုယ်တိုင် ဇာတ်ညွှန်းရေးပေးပြီး ရိုက်ကူးမှုတွေ ပြုလုပ်ပေးနေသလို

ကိုဗစ်ကာလမှာ အလုပ်မရှိတဲ့ ဇာတ်ပို့၊ဇာတ်ရံတွေအတွက်ကိုလည်း ဝင်ငွေရအောင် ကူညီပေးနေတာတွေ့ရပါတယ်။ “အဓိကက ရိုးဖြောင့်တဲ့ဂုဏ်စားလို့မကုန်တဲ့။ တကယ်ရိုးဖြောင့်တဲ့သူက သူ့လမ်းကြောင်းမှန်ကို သူရောက်သွားလိမ့်မယ်။ ကိုယ့်ဘက်ကသာ ရိုးသား ကြိုးစားဖို့ လိုတယ် အဲ့လိုမျိုး ကြိုးစားပြီး လမ်းကြောာင်းမှန်မှန်နဲ့ လျှောက်မယ်ဆိုရင် နေရာတစ်နေရာက အမြဲတမ်းစောင့်မျှော်နေမှာပါ။တကယ် ကြိုးစားတဲ့သူအတွက်ကတော့

နေရာမရှားပါဘူး” လို့ သူမရဲ့ ယုံကြည်ချက်ကို ပြောပြခဲ့ပါသေးတယ်။ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပါပြီ။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *