သီခ်င္း႐ိုက္ကူးေရးေတြလုပ္ရင္း မြန္ျမတ္တဲ့ အလွဴေလးပါ တခါထဲ လုပ္ခဲ့ျပန္တဲ့ ယုန္ေလး

ဂီတေလာကမွာေအာင္ျမင္မႈေတြကို ရရွိေနသလို ႐ုပ္ရွင္ေလာကမွာပါ ေနရာတစ္ေနရာအခိုင္မာရပ္တည္ထားႏိုင္သူကေတာ့ ယုန္ေလးပဲျဖစ္ပါတယ္။ ယုန္ေလးဟာ အသက္ငယ္႐ြယ္ေပမယ့္ စိတ္သေဘာထားျပည့္ဝၿပီး သူတစ္ပါးေပၚမွာလည္း အၿမဲကူညီတက္တဲ့ ေကာင္းမြန္တဲ့စိတ္ထားေလးေၾကာင့္ အႏုပညာရွင္ေတြအျပင္ ပရိသတ္ေတြကပါ ေလးစားခ်စ္ခင္ေနရတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ လတ္ရွိမွာေတာ့

ယုန္ေလးက Rap ဝါသနာရွင္ေလးေတြျဖစ္တဲ့ A4 ေက်ာ္စြာ ၊ Min Z တို႔ နဲ႔အတူ ပရိသတ္ေတြနဲ႔ ထပ္တူက်ေစမယ့္ ” စိတ္ကူး ” ဆိုတဲ့ သီခ်င္းေလးတစ္ပုဒ္ကို ဖန္တီးေနၿပီလည္းျဖစ္ပါတယ္။ ဒီသီခ်င္းေလးကို ႐ိုက္ကူးေနရင္း ယုန္ေလးကေတာ့ မြန္ျမတ္လွတဲ့ အလႉေလးတစ္ခုျပဳလုပ္ခဲ့တာကို သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပးမွာ အမွတ္တရပုံရိပ္ေလးေတြကိုတင္ေပးလာခဲ့ပါတယ္။ ဒီပုံေလးေတြထဲမွာေတာ့

Rap ဝါသနာရွင္ေလးေတြျဖစ္တဲ့ A4 ေက်ာ္စြာ ၊ Min Z တို႔ အတူ MC ကယားေလး ၊ Rap က်ားႀကီး တို႔လည္းေတြ႕ရပါတယ္။ ဒီအလႉေလးနဲ႔ ပတ္သတ္ၿပီး ယုန္ေလးကေတာ့ ” စိတ္ကူး သီခ်င္း ႐ိုက္ကူးေရး ဒီေန႔မွၿပီးစီး … သီခ်င္းေလးေပမယ့္ Storyရယ္ ေျပာခ်င္တဲ့ အရာေလး ေပၚေအာင္႐ိုက္ရတဲ့အတြက္ ဇာတ္ကား ႐ိုက္သလိုပါပဲ ေသခ်ာ႐ိုက္ခ်င္းလို႔ ၃ရက္ ႐ိုက္ကူးခဲ့ပါတယ္ ….သီခ်င္ေလးထဲ မွာ

အလႉလုပ္တာေလးေတြပါေတာ့ တကယ္ လႉလိုက္ပါတယ္….. ကြၽန္ေတာ္ကေတာ့ ဆန္အိတ္ေတြလႉလိုက္တယ္…. အားျဖည့္အခ်ိဳရည္ဆိုေတာ့ Rocker နဲ႔ Veve ေရသန႔္ေတြ လႉေပးပါလားေျပာတာ ခ်က္ခ်င္း နာရီပိုင္းအတြင္း ညတြင္းခ်င္းလာပို႔သြားတယ္… Veve က မမာလာလို အရည္ခ်င္းရွိတဲ့လူကို ရထားတာ တကယ္တန္ဖိုးရွိပါတယ္….စာခ်ဴပ္ထဲ နဲ႔ မဆိုင္တာေတြပါ အကူညီေတာင္းတိုင္းေစတနာ

အျပည့္နဲ႔ လိုက္လႉတဲ့ ကိုႏိုင္ၿဖိဳး ကိုေ႐ႊမန္းတို႔နဲ႔ အလုပ္လုပ္ရတဲ့အတြက္ Rocker BA ျဖစ္တဲ့ အတြက္လည္းဂုဏ္ယူပါတယ္….26 ရက္ေန႔ စိတ္ကူး Music Video တကယ္တင္ပါၿပီ V7 , OG , Special 9 , သတိအႏၲရာယ္ရွိသည္ , Seven scene Media 7 Page တို႔ကေန တင္ပါမယ္..ဝန္းရံ ေပးဖို႔ ေတာင္းဆိုပါတယ္ ” ဆိုၿပီး ေရးသားထားပါေသးတယ္။ ကဲ…ခ်စ္ပရိသတ္ႀကီးေရ 26 ရက္ေန႔ေလးမွာ ယုန္ေလး ရဲ႕ “စိတ္ကူး” သီခ်င္းေလးကို အားေပးလိုက္ပါဦးေနာ္….။

Read in UNICODE

ဂီတလောကမှာအောင်မြင်မှုတွေကို ရရှိနေသလို ရုပ်ရှင်လောကမှာပါ နေရာတစ်နေရာအခိုင်မာရပ်တည်ထားနိုင်သူကတော့ ယုန်လေးပဲဖြစ်ပါတယ်။ ယုန်လေးဟာ အသက်ငယ်ရွယ်ပေမယ့် စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တဲ့ ကောင်းမွန်တဲ့စိတ်ထားလေးကြောင့် အနုပညာရှင်တွေအပြင် ပရိသတ်တွေကပါ လေးစားချစ်ခင်နေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့

ယုန်လေးက Rap ဝါသနာရှင်လေးတွေဖြစ်တဲ့ A4 ကျော်စွာ ၊ Min Z တို့ နဲ့အတူ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် ” စိတ်ကူး ” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို ဖန်တီးနေပြီလည်းဖြစ်ပါတယ်။ ဒီသီချင်းလေးကို ရိုက်ကူးနေရင်း ယုန်လေးကတော့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေးမှာ အမှတ်တရပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့

Rap ဝါသနာရှင်လေးတွေဖြစ်တဲ့ A4 ကျော်စွာ ၊ Min Z တို့ အတူ MC ကယားလေး ၊ Rap ကျားကြီး တို့လည်းတွေ့ရပါတယ်။ ဒီအလှူလေးနဲ့ ပတ်သတ်ပြီး ယုန်လေးကတော့ ” စိတ်ကူး သီချင်း ရိုက်ကူးရေး ဒီနေ့မှပြီးစီး … သီချင်းလေးပေမယ့် Storyရယ် ပြောချင်တဲ့ အရာလေး ပေါ်အောင်ရိုက်ရတဲ့အတွက် ဇာတ်ကား ရိုက်သလိုပါပဲ သေချာရိုက်ချင်းလို့ ၃ရက် ရိုက်ကူးခဲ့ပါတယ် ….သီချင်လေးထဲ မှာ

အလှူလုပ်တာလေးတွေပါတော့ တကယ် လှူလိုက်ပါတယ်….. ကျွန်တော်ကတော့ ဆန်အိတ်တွေလှူလိုက်တယ်…. အားဖြည့်အချိုရည်ဆိုတော့ Rocker နဲ့ Veve ရေသန့်တွေ လှူပေးပါလားပြောတာ ချက်ချင်း နာရီပိုင်းအတွင်း ညတွင်းချင်းလာပို့သွားတယ်… Veve က မမာလာလို အရည်ချင်းရှိတဲ့လူကို ရထားတာ တကယ်တန်ဖိုးရှိပါတယ်….စာချူပ်ထဲ နဲ့ မဆိုင်တာတွေပါ အကူညီတောင်းတိုင်းစေတနာ

အပြည့်နဲ့ လိုက်လှူတဲ့ ကိုနိုင်ဖြိုး ကိုရွှေမန်းတို့နဲ့ အလုပ်လုပ်ရတဲ့အတွက် Rocker BA ဖြစ်တဲ့ အတွက်လည်းဂုဏ်ယူပါတယ်….26 ရက်နေ့ စိတ်ကူး Music Video တကယ်တင်ပါပြီ V7 , OG , Special 9 , သတိအန္တရာယ်ရှိသည် , Seven scene Media 7 Page တို့ကနေ တင်ပါမယ်..ဝန်းရံ ပေးဖို့ တောင်းဆိုပါတယ် ” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ 26 ရက်နေ့လေးမှာ ယုန်လေး ရဲ့ “စိတ်ကူး” သီချင်းလေးကို အားပေးလိုက်ပါဦးနော်….။

Source : Yone Lay’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *