လိုခ်င္တပ္မက္စိတ္ေတြနဲ႔ Brand ေတြ အရမ္းဝယ္ၿပီး ေငြေတြျဖဳန္းခဲ့မိတာ ေနာင္တရတယ္ဆိုတဲ့ ဝိုင္းစုခိုင္သိန္း

ဝိုင္းစုခိုင္သိန္းအတြက္ကေတာ့ ငယ္စဥ္တုန္းက Brand ေတြကို ႐ူး႐ူးမူးမူး ႀကိဳက္ခဲ့တဲ့အခ်ိန္ေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။အခုခ်ိန္မွာေတာ့ လိုခ်င္တပ္မတ္စိတ္ေတြနဲ႔ ဝယ္ခဲ့တဲ့ ပစၥည္းေတြကို ျပန္ၾကည့္တိုင္းလည္း သံေဝဂ ရမိတယ္လို႔ ေျပာပါတယ္။ “ အမသာ မျဖဳန္းခဲ့ဘူးဆိုရင္ ဒီထက္ ပိုလုပ္ႏိုင္ခဲ့မွာေပ့ါ။ ငယ္ငယ္တုန္းကဆိုရင္ လိုခ်င္တပ္မတ္တဲ့ စိတ္ေတြနဲ႔ brand ေတြေလွ်ာက္ဝယ္တာေတြလုပ္ခဲ့တယ္။ brand ဆိုတာ ဒီတစ္ခု ဝယ္ရင္ ေနာက္တစ္ေခါက္က်

အသစ္ထပ္ထြက္တယ္အဲ့ေတာ့ ဝယ္ထားတာက အေဟာင္းျဖစ္တယ္အေဟာင္းျဖစ္ေတာ့ ဒီဟာက ေဈးနည္းလားဆိုေတာ့ မနည္းဘူး အဲ့လိုျဖဳန္းခဲ့တာေတြကို အစ္မ ၾကည့္ၾကည့္ၿပီး သံေဝဂရတယ္။ ငါဒါဘာလို႔ ဝယ္ခဲ့တာလဲ မသိဘူးဆိုၿပီး။အဲ့ဒါေတြက အခုခ်ိန္မွာ ဘာမွလည္းမဟုတ္ဘူးၿပီးေတာ့ လက္ဝတ္လက္စားလို ျပန္ေရာင္းလို႔လည္း မရဘူး။ သိမ္းထားေတာ့လည္း ပ်က္စီးသြားမွာလည္းစိုးရိမ္ရတယ္။ ဒါက ဒိတ္လည္း

ေအာက္သြားေရာဆိုေတာ့ ဘာမွ ျပန္သုံးလို႔မရတဲ့ အရာေတြကို အမ cut out လုပ္လိုက္တယ္။ Brand ကို အရမ္းႀကီး ႐ူး႐ူးသြပ္သြပ္နဲ႔ အရင္လို မလုပ္ေတာ့ဘူူး ျဖဳန္းရေလာက္ေအာင္လည္း အသက္အ႐ြယ္အရ လည္းမလုပ္သင့္ေတာ့ဘူးလို႔ ထိန္းခ်ဳပ္လိုက္တယ္” လို႔ သူမက ဆိုပါတယ္။ သူမအေနနဲ႔ Brand ဝယ္ၿပီးသုံးျဖဳန္းမယ့္ ေငြေၾကးကို လိုအပ္တဲ့ေနရာမွာ လႉလိုက္တာ ပိုၿပီး ထိေရာက္တယ္လို႔ သုံးသပ္မိေၾကာင္းသူမက ေျပာပါတယ္။ ” Brand ဝယ္ဖို႔ အရမ္းေပါတယ္ဆိုရင္

တစ္မ်ိဳးေပါ့မဟုတ္ရင္ မစဥ္းစားေတ့ာဘူး။ ကိုယ္သုံးျဖဳန္းမယ့္ ေငြေၾကးတန္ဖိုးကို အစ္မ အလႉ တစ္ခုခု လုပ္လိုက္ မယ္။ လိုအပ္တဲ့ေနရာမွာေပးလိုက္တာ ပိုထိေရာက္တယ္။ပြဲ ေတြ ဘာေတြ တက္ဖို႔ေလာက္ေတာ့ ဝယ္ထားတာေတာ့ရွိတယ္။အရင္တုန္းကလိုေတာ့ ႐ူး႐ူးသြပ္သြပ္မရွိေတာ့ဘူး”လို႔ သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။ ဝိုင္းစုကေတာ့ လက္ရွိမွာ သီခ်င္းအသစ္ေတြ ဖန္တီးေနတယ္လို႔ဆိုပါတယ္။ ဝိုင္းစုခိုင္သိန္းကိုေတာ့ သ႐ုပ္ေဆာင္

တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္အားေပးခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဂီတဘက္ကို ကူးေျပာင္းလာရင္း မက္ေလာက္စရာ၊ မ်က္လွည့္၊ အာဘြား၊ ဂါ၊ မယ္သီတာ၊ ျပတ္စာ နဲ႔ ႏြားေက်ာင္းသူ စတဲ့ တစ္ကိုယ္ေတာ္အေခြမ်ားစြာကို ထြက္ရွိထားၿပီးျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဂီတအပိုင္းမွာ ေအာင္ျမင္လာၿပီးတဲ့ေနာက္ သ႐ုပ္ေဆာင္အလုပ္ကိုလည္း သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ သူ႔ရဲ႕ ပရိသတ္ေတြလည္း ႀကိဳက္မယ္၊ သူလည္းႀကိဳက္မယ့္ ဇာတ္ကားေကာင္းေလးေတြ ေတြ႕ရင္ေတာ့ ႐ိုက္ျဖစ္ရင္ ႐ိုက္မယ္ဆိုၿပီးေတာ့ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

Read in UNICODE

ဝိုင်းစုခိုင်သိန်းအတွက်ကတော့ ငယ်စဉ်တုန်းက Brand တွေကို ရူးရူးမူးမူး ကြိုက်ခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။အခုချိန်မှာတော့ လိုချင်တပ်မတ်စိတ်တွေနဲ့ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ကြည့်တိုင်းလည်း သံဝေဂ ရမိတယ်လို့ ပြောပါတယ်။ “ အမသာ မဖြုန်းခဲ့ဘူးဆိုရင် ဒီထက် ပိုလုပ်နိုင်ခဲ့မှာပေ့ါ။ ငယ်ငယ်တုန်းကဆိုရင် လိုချင်တပ်မတ်တဲ့ စိတ်တွေနဲ့ brand တွေလျှောက်ဝယ်တာတွေလုပ်ခဲ့တယ်။ brand ဆိုတာ ဒီတစ်ခု ဝယ်ရင် နောက်တစ်ခေါက်ကျ

အသစ်ထပ်ထွက်တယ်အဲ့တော့ ဝယ်ထားတာက အဟောင်းဖြစ်တယ်အဟောင်းဖြစ်တော့ ဒီဟာက ဈေးနည်းလားဆိုတော့ မနည်းဘူး အဲ့လိုဖြုန်းခဲ့တာတွေကို အစ်မ ကြည့်ကြည့်ပြီး သံဝေဂရတယ်။ ငါဒါဘာလို့ ဝယ်ခဲ့တာလဲ မသိဘူးဆိုပြီး။အဲ့ဒါတွေက အခုချိန်မှာ ဘာမှလည်းမဟုတ်ဘူးပြီးတော့ လက်ဝတ်လက်စားလို ပြန်ရောင်းလို့လည်း မရဘူး။ သိမ်းထားတော့လည်း ပျက်စီးသွားမှာလည်းစိုးရိမ်ရတယ်။ ဒါက ဒိတ်လည်း

အောက်သွားရောဆိုတော့ ဘာမှ ပြန်သုံးလို့မရတဲ့ အရာတွေကို အမ cut out လုပ်လိုက်တယ်။ Brand ကို အရမ်းကြီး ရူးရူးသွပ်သွပ်နဲ့ အရင်လို မလုပ်တော့ဘူူး ဖြုန်းရလောက်အောင်လည်း အသက်အရွယ်အရ လည်းမလုပ်သင့်တော့ဘူးလို့ ထိန်းချုပ်လိုက်တယ်” လို့ သူမက ဆိုပါတယ်။ သူမအနေနဲ့ Brand ဝယ်ပြီးသုံးဖြုန်းမယ့် ငွေကြေးကို လိုအပ်တဲ့နေရာမှာ လှူလိုက်တာ ပိုပြီး ထိရောက်တယ်လို့ သုံးသပ်မိကြောင်းသူမက ပြောပါတယ်။ ” Brand ဝယ်ဖို့ အရမ်းပေါတယ်ဆိုရင်

တစ်မျိုးပေါ့မဟုတ်ရင် မစဉ်းစားတေ့ာဘူး။ ကိုယ်သုံးဖြုန်းမယ့် ငွေကြေးတန်ဖိုးကို အစ်မ အလှူ တစ်ခုခု လုပ်လိုက် မယ်။ လိုအပ်တဲ့နေရာမှာပေးလိုက်တာ ပိုထိရောက်တယ်။ပွဲ တွေ ဘာတွေ တက်ဖို့လောက်တော့ ဝယ်ထားတာတော့ရှိတယ်။အရင်တုန်းကလိုတော့ ရူးရူးသွပ်သွပ်မရှိတော့ဘူး”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။ ဝိုင်းစုကတော့ လက်ရှိမှာ သီချင်းအသစ်တွေ ဖန်တီးနေတယ်လို့ဆိုပါတယ်။ ဝိုင်းစုခိုင်သိန်းကိုတော့ သရုပ်ဆောင်

တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂီတဘက်ကို ကူးပြောင်းလာရင်း မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ နဲ့ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *