မျက်စိအသေးစားခွဲစိတ်တဲ့ အချိန်မှာ ကြောက်လွန်းလို့ ဒူးတွေပါ တုန်ခဲ့ရတယ်ဆိုတဲ့ နော်ဖောအယ်ထား





Read in UNICODE

နော်ဖောအယ်ထားကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေကိုလည်း ဆွတ်ခူးထားနိုင်ကာ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကတော့

အေးချမ်းပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။အနေအထိုင်အေးဆေးပြီး စကားပြော ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ အနုပညာအလုပ်တွေအနေနဲ့ ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်လျက်ရှိနေပြီး

ကြော်ငြာတွေမှာလည်း ဆက်တိုက်ရိုက်ကူးလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေအပြင် ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်ကိုတင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို

ရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ မျက်စိအသေးစားခွဲစိတ်မှုပြုလုပ်တဲ့အချိန်လေးမှာ ကြောက်လို့ ဒူးတွေပါတုန်ခဲ့ရတဲ့အကြောင်း ချစ်ရတဲ့ ပရိသတ်တွေထံ ပြောပြလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးနော်ဖောအယ်ထားရဲ့ မျက်လုံးအသေးစားခွဲစိတ်မှုပြုလုပ်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Naw Phaw Eh Htar’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *