မိုးရြာႀကီးထဲ ပန္းေရာင္းေနရတဲ့ ကေလးမေလး(၂)ေယာက္ကို ဖ်ားနာမွာစိုးလို႔ မိုးကာအက်ႌ ေပးခဲ့တဲ့ ဟန္ေလး

လွပၿပီး ေက်ာ့ရွင္းတဲ့ အလွပိုင္ရွင္ အလွမယ္ သရုပ္ေဆာင္ ဟန္ေလးကိုေတာ့ပရိသတ္ႀကီးလည္း ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ဟန္ေလးကေတာ့ ရွမ္းတိုင္းရင္းသူေလး တစ္ေယာက္ျဖစ္ၿပီး စကားသံဝဲဝဲေလးနဲ႕ ခ်စ္ဖို႕ေကာင္းလြန္းသူေလးပါ.။ Miss Universe Myanmar (2015- 2016) ရဲ႕ First Runner Up တစ္ေယာက္ျဖစ္ၿပီး

ေမာ္ဒယ္ေလာကကေန စတင္ကာ သရုပ္ေဆာင္ေလာကကို ကူးေျပာင္းလာသူေလးပဲျဖစ္ပါတယ္.။ ဟန္ေလးကေတာ့ MTV ေတာ္ေတာ္မ်ားမ်ားကိုလည္း ရိုက္ကူးခဲ့ၿပီး ပုရိသပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈ အေျမာက္အျမားကို ရရွိပုိင္ဆိုင္ထားသူေလးပါ.။ ေပ်ာ္ရႊင္လြတ္လပ္စြာ ေနထိုင္တတ္သူ ဟန္ေလးက

သူမရဲ႕ တစ္ေန႕တာ ျဖစ္စဥ္ေလးေတြကို လူမႈကြန္ရက္စာမ်က္နွာရဲ႕ မိုင္ေဒးေလးမွာ တင္ေလ့ရွိပါတယ္.။ ဒီေန႕ ဇြန္လ (၂၃)ရက္ေန႕မွာေတာ့ ဟန္ေလးက သူမအျပင္ထြက္ရင္း မီးပြိဳင့္နားရွိ မိုးေရထဲမွာ စံပယ္ပန္းေရာင္းတဲ့ ကေလးမေလးေတြအတြက္ မိုးကာအက်ႌေလးေတြကို ေပးျဖစ္ခဲ့တဲ့

ဗီဒီယုိဖိုင္ေလးကို မိုင္ေဒးေလးမွာ တင္လာခဲ့ပါတယ္.။ လွပေက်ာ့ရွင္းတဲ့ အလွကို ပိုင္ဆိုင္ထားသူ ဟန္ေလးကေတာ့ စိတ္ထားလွလွေလးကိုလည္း ပိုင္ဆိုင္ထားသူေလးပါပဲေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးအတြက္လည္း ကေလးမေလးေတြအတြက္ မိုးကာအက်ႌေလးေတြကို ေပးေနတဲ့ ဟန္ေလးရဲ႕ ဗီဒီယုိဖိုင္ေလးကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္ေနာ္.။

Read in UNICODE

လှပပြီး ကျော့ရှင်းတဲ့ အလှပိုင်ရှင် အလှမယ် သရုပ်ဆောင် ဟန်လေးကိုတော့ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဟန်လေးကတော့ ရှမ်းတိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး စကားသံဝဲဝဲလေးနဲ့ ချစ်ဖို့ကောင်းလွန်းသူလေးပါ.။ Miss Universe Myanmar (2015- 2016) ရဲ့ First Runner Up တစ်ယောက်ဖြစ်ပြီး

မော်ဒယ်လောကကနေ စတင်ကာ သရုပ်ဆောင်လောကကို ကူးပြောင်းလာသူလေးပဲဖြစ်ပါတယ်.။ ဟန်လေးကတော့ MTV တော်တော်များများကိုလည်း ရိုက်ကူးခဲ့ပြီး ပုရိသပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု အမြောက်အမြားကို ရရှိပိုင်ဆိုင်ထားသူလေးပါ.။ ပျော်ရွှင်လွတ်လပ်စွာ နေထိုင်တတ်သူ ဟန်လေးက

သူမရဲ့ တစ်နေ့တာ ဖြစ်စဉ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာရဲ့ မိုင်ဒေးလေးမှာ တင်လေ့ရှိပါတယ်.။ ဒီနေ့ ဇွန်လ (၂၃)ရက်နေ့မှာတော့ ဟန်လေးက သူမအပြင်ထွက်ရင်း မီးပွိုင့်နားရှိ မိုးရေထဲမှာ စံပယ်ပန်းရောင်းတဲ့ ကလေးမလေးတွေအတွက် မိုးကာအင်္ကျီလေးတွေကို ပေးဖြစ်ခဲ့တဲ့

ဗီဒီယိုဖိုင်လေးကို မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်.။ လှပကျော့ရှင်းတဲ့ အလှကို ပိုင်ဆိုင်ထားသူ ဟန်လေးကတော့ စိတ်ထားလှလှလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ကလေးမလေးတွေအတွက် မိုးကာအင်္ကျီလေးတွေကို ပေးနေတဲ့ ဟန်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်.။

Source : Nan Shwe Aye’s Facebook

Add a Comment

Your email address will not be published. Required fields are marked *