ဒီနှစ်ကုန် မင်္ဂလာဆောင်ပြီးရင် နှစ်ဖက်မိဘနဲ့အတူ ဟန်းနီးမွန်းခရီးလေး အတူထွက်ချင်တယ်ဆိုတဲ့ နိုင်းဝမ်း
Read in UNICODE
အဆိုတော် နိုင်းဝမ်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ နိုင်းဝမ်းကိုတော့ “နင်သာရှိရင်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိခဲ့ပြီး နောက်ပိုင်းမှာလည်း အမိုက်စား သီချင်းတွေနဲ့ အောင်မြင်တဲ့
အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်.။ နိုင်းဝမ်းကတော့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး တရားဝင်ချပြထားကာ လက်ထပ်ဖို့ထိ ရည်ရွယ်ထားပြီး နောက်နှစ်လောက်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတာပါ.။ ဒီနေ့ ဇွန်လ (၂၃)ရက်နေ့မှာတော့ နိုင်းဝမ်းက လက်ထပ်ပြီး နောက်ပိုင်း ဟန်းနီးမွန်းခရီး ထွက်ရင် လုပ်မယ့် အရာလေးတစ်ခုကို “ဒီနှစ်ကုန် မင်္ဂလာဆောင်ပြီးရင်
ဟန်းနီးမွန်းထွက်မယ်..။ သူများတွေလို့ (၂)ယောက်ထဲမထွက်ဘူး..။လက်ထပ်တယ်ဆိုတာ မတူညီတဲ့မိသားစုနှစ်ခုကို တစ်စုတစ်စည်းထဲဖြစ်အောင် စုပေါင်းလိုက်ခြင်းလို့ခံယူထားလို့ နှစ်ဘက်မိဘညီကိုမောင်နှမအားလုံးနဲ့အတူ ပျားရည်စမ်းသွားမယ်..။ ဒါမှ အနာဂတ်မိသားစုရဲ့စည်းလုံးခြင်းက
ပိုအသက်ဝင်နိုင်မှာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ နိုင်းဝမ်းရဲ့ ဟန်းနီးမွန်း ခရီးစဉ်ကတော့ တကယ်ကို ထူးထူးခြားခြား လေး ဖြစ်မယ် ထင်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း နိုင်းဝမ်းရဲ့ အမိုက်စား ဟန်းနီးမွန်း ခရီးစဉ်ပလန်လေးကို သဘောကျရင် မှတ်ချက်လေးတွေ ရေးသွားခဲ့ပါဦးနော်.။
Source : Kyaw Zin Latt’s Facebook
Add a Comment
Your email address will not be published. Required fields are marked *