ဒီေန႔ေမြးေန႔က်ေရာက္တဲ့ ဇင္ဇင္ေဇာ္ျမင့္အတြက္ ေမြးေန႔လက္ေဆာင္ေလးနဲ႔အတူ ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ မိုးမိုး

ရင္ထဲထိေရာက္ေအာင္ ေကာင္းတဲ့ သီခ်င္းေတြကို သီဆိုနိုင္သူ အဆုိေတာ္ မိုးမိုးကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္။ မိုးမိုးကေတာ့ ကိုယ္တိုင္ေရး ကိုယ္တိုင္ သီဆိုကာ သူ႕ရဲ႕ အနုပညာအရည္အခ်င္းေတြကို အေကာင္းဆံုး ခ်ျပတတ္သူတစ္ေယာက္ပဲျဖစ္ပါတယ္.။ ျပံဳးရႊင္ၿပီး ေပါ့ပါးသြက္လက္စြာ ေနထိုင္တတ္သူ မိုးမိုးကေတာ့ ေရာဂါကပ္ဆိုးေၾကာင့္

အနုပညာအလုပ္ေတြကို ရပ္နားထားရခ်ိန္မွာ အြန္လိုင္းကေန တစ္ဆင့္ ေရာင္းခ်တဲ့ ဒီမွာေဟာ့ေပါ့ အမည္နဲ႕ ေဟာ့ေပါ့ေရာင္းခ်တဲ့ စီးပြားေရးေလးကို လုပ္ကိုင္ေနတာပါ.။ ဒီေန႕ ဇြန္လ (၂၃)ရက္ေန႕မွာေတာ့ မိုးမိုးက သူ႕ရဲ႕ ဒီမွာေဟာ့ေပါ့ ကို အျမဲ အားေပးသူ သရုပ္ေဆာင္ ဇင္ဇင္ေဇာ္ျမင့္ရဲ႕ ေမြးေန႕ေလးမွာ ထူးထူးျခားျခားျဖစ္ေအာင္ ေမြးေန႕လက္ေဆာင္ေပးျဖစ္ခဲ့ၿပီး ေမြးေန႕ ဆုေတာင္းေပးခဲ့တဲ့

အေၾကာင္းေလးကို “ယေန႔ က်ေရာက္ေသာ မေမေလး @ ဇင္ဇင္ေဇာ္ျမင့္ရဲ႕ ေမြးေန႔အတြက္ သူ႔ရဲ႕ ေဖးဘရိတ္ ဒီမွာေဟာ့ေပါ့ နဲ႔ အမွတ္တရ လက္ေဆာင္ေလး ေပးျဖစ္ခဲ့ပါတယ္။ သစ္သားျပားေပၚ မေမေလးရဲ႕ ပုံတူကို ေလဆာနဲ႔ထြင္းထုထားတဲ့ လက္ေဆာင္ေလးပါ။ အရမ္းႀကိဳက္တယ္ဆိုလို႔ အင္မတန္ဝမ္းသာမိ.. (ဒီလုပ္ငန္းေလးလဲ မၾကာမီ မိတ္ဆက္ပါ့မယ္ ) ဒီမွာေဟာ့ေပါ့ ကို

အၿမဲအားေပးတဲ့ ကိုခ်မ္းနဲ႔မေမေလးတို႔မိသားစု ယခုထက္ အစစ အရာရာ တိုးတက္ျပည့္စုံၿပီး လိုအင္ဆႏၵေတြျပည့္ၾကပါေစ ဗ်ာ။ “Happy Birthday” ပါ မေမေလးေရ” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ မိုးမိုးကေတာ့ တကယ့္ကို ထူးထူးျခားျခားေလး ျဖစ္ေအာင္ ေမြးေန႕ လက္ေဆာင္ လုပ္ေပးတတ္သူပါပဲေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း ဒီကေနရဲ႕ ေမြးေန႕ရွင္ ဇင္ဇင္ေဇာ္ျမင့္အတြက္ ေမြးေန႕ ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါဦးေနာ္.။

Read in UNICODE

ရင်ထဲထိရောက်အောင် ကောင်းတဲ့ သီချင်းတွေကို သီဆိုနိုင်သူ အဆိုတော် မိုးမိုးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ မိုးမိုးကတော့ ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုကာ သူ့ရဲ့ အနုပညာအရည်အချင်းတွေကို အကောင်းဆုံး ချပြတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်.။ ပြုံးရွှင်ပြီး ပေါ့ပါးသွက်လက်စွာ နေထိုင်တတ်သူ မိုးမိုးကတော့ ရောဂါကပ်ဆိုးကြောင့်

အနုပညာအလုပ်တွေကို ရပ်နားထားရချိန်မှာ အွန်လိုင်းကနေ တစ်ဆင့် ရောင်းချတဲ့ ဒီမှာဟော့ပေါ့ အမည်နဲ့ ဟော့ပေါ့ရောင်းချတဲ့ စီးပွားရေးလေးကို လုပ်ကိုင်နေတာပါ.။ ဒီနေ့ ဇွန်လ (၂၃)ရက်နေ့မှာတော့ မိုးမိုးက သူ့ရဲ့ ဒီမှာဟော့ပေါ့ ကို အမြဲ အားပေးသူ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ရဲ့ မွေးနေ့လေးမှာ ထူးထူးခြားခြားဖြစ်အောင် မွေးနေ့လက်ဆောင်ပေးဖြစ်ခဲ့ပြီး မွေးနေ့ ဆုတောင်းပေးခဲ့တဲ့

အကြောင်းလေးကို “ယနေ့ ကျရောက်သော မမေလေး @ ဇင်ဇင်ဇော်မြင့်ရဲ့ မွေးနေ့အတွက် သူ့ရဲ့ ဖေးဘရိတ် ဒီမှာဟော့ပေါ့ နဲ့ အမှတ်တရ လက်ဆောင်လေး ပေးဖြစ်ခဲ့ပါတယ်။ သစ်သားပြားပေါ် မမေလေးရဲ့ ပုံတူကို လေဆာနဲ့ထွင်းထုထားတဲ့ လက်ဆောင်လေးပါ။ အရမ်းကြိုက်တယ်ဆိုလို့ အင်မတန်ဝမ်းသာမိ.. (ဒီလုပ်ငန်းလေးလဲ မကြာမီ မိတ်ဆက်ပါ့မယ် ) ဒီမှာဟော့ပေါ့ ကို

အမြဲအားပေးတဲ့ ကိုချမ်းနဲ့မမေလေးတို့မိသားစု ယခုထက် အစစ အရာရာ တိုးတက်ပြည့်စုံပြီး လိုအင်ဆန္ဒတွေပြည့်ကြပါစေ ဗျာ။ “Happy Birthday” ပါ မမေလေးရေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မိုးမိုးကတော့ တကယ့်ကို ထူးထူးခြားခြားလေး ဖြစ်အောင် မွေးနေ့ လက်ဆောင် လုပ်ပေးတတ်သူပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဒီကနေရဲ့ မွေးနေ့ရှင် ဇင်ဇင်ဇော်မြင့်အတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်.။

Source : Moe Moe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *