ေသြးလိုအပ္ေနတဲ့ ဆရာေလးတစ္ပါးကို ေသြးလႉဒါန္း ခြင့္ရတဲ့အတြက္ အရမ္းပီတိျဖစ္ရတယ္ဆိုတဲ့ ဘုန္းလွ်ံ

သ႐ုပ္ေဆာင္ ဘုန္းလွ်ံကေတာ့ သီလရွင္ဆရာေလး တစ္ပါးအတြက္ ေသြးဒါန ကုသိုလ္ျပဳခဲ့ပါတယ္တဲ့။ ဒီအလႉဟာ ေထာင္ထဲမွာ ညီအစ္ကိုအရင္းလို ေစာင့္ေရွာက္ေပးခဲ့တဲ့ အစ္ကိုတစ္ေယာက္အတြက္ ရည္႐ြယ္ၿပီး လႉဒါန္းခဲ့တာလို႔ ေျပာျပလာပါတယ္။ “ ဒီေန႔က ေသြးလႉဖို႔ အစီအစဥ္မရွိဘူး၊ အျပင္ခဏေရာက္ေနတဲ့ အခ်ိန္မွာ အစ္ကို႔သူငယ္ခ်င္း ေနာင္ေနာင္ တို႔ ပရဟိတအဖြဲ႕ကေန ေသြးလိုတယ္ဆိုလို႔ အစ္ကို႔ လွမ္းေမးတယ္။ အစ္ကိုကလည္း လႉခ်င္တဲ့ စိတ္ရွိတာနဲ႔ ဆရာေလးအတြက္ လႉျဖစ္တယ္။ ၿပီးေတာ့

ေထာင္ထဲမွာ ညီအစ္ကိုလိုေနခဲ့တဲ့ အစ္ကိုတစ္ေယာက္ေပါ့ေနာ္ သူ႔ရဲ႕ ေက်းဇူးေတြ အစ္ကို႔မွာရွိတယ္။ သူက ဆုံးသြားၿပီ မေန႔က(ဇြန္လ ၂၂ ရက္) မွာ ရက္လည္လုပ္တယ္။ သူ႔အတြက္လည္း အမွ်ေပးေဝခ်င္တဲ့ ဆႏၵေလးလည္း ရွိထားတာဆိုေတာ့ လႉခြင့္ႀကဳံသြားတာေပါ့ေနာ္” လို႔ သူကဆိုပါတယ္။ ဘုန္းလွ်ံဟာ သူ႔ရဲ႕ ခႏၶာကိုယ္ထဲမွာ စီးဆင္းေနတဲ့ ေသြးကို သူတစ္ပါးရဲ႕ အသက္အတြက္ လႉဒါန္းခြင့္ရတာ

အရမ္း ပီတိျဖစ္ရတယ္လို႔ ဆိုလာပါတယ္။ “ ကိုယ့္ရဲ႕ ခႏၶာကိုယ္ထဲမွာ ျဖတ္သန္းေနတဲ့ ေသြးနဲ႔ သူတစ္ပါးရဲ႕ အသက္အတြက္ လႉရတာဟာ အရမ္းဝမ္းသာပီတိျဖစ္စရာေကာင္းတယ္။ ဒီၾကားထဲမွာလည္း ေနာက္ထပ္ အလႉအတန္းေလးေတြ လုပ္ဖို႔ရွိပါေသးတယ္။ ဒါေပမယ့္ အတိအက်ေျပာျပလို႔ မရေသးလို႔ပါ။” ဆိုၿပီးေတာ့လည္း ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ ဘုန္းလွ်ံဟာ မူးယစ္ေဆးဝါးမႈနဲ႔

ေထာင္ဒဏ္ (၁၂) ႏွစ္က်ခံရမွာ ျဖစ္ေပမယ့္ အျပစ္ဒဏ္(၇)ႏွစ္ ေပးဆပ္ၿပီးေနာက္ ၂၀၂၀ခုႏွစ္၊ႏွစ္ဆန္းတစ္ရက္ ေန႔မွာ ႏိုင္ငံေတာ္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ ေထာင္ထဲမွာ ႏွစ္အၾကာႀကီးေနခဲ့ရတဲ့ သူအတြက္ ဘဝသင္ခန္းစာေတြ အမ်ားႀကီးရခဲ့သလို အေတြ႕အႀကဳံေတြလည္းအမ်ားႀကီးရခဲ့တယ္လို႔ သူက ဆိုပါတယ္။ ဘုန္းလွ်ံကိုေတာ့ ဗီဒီယိုဇာတ္ကားမ်ားစြာထဲမွာ ဒုတိယမင္းသားတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။

Read in UNICODE

သရုပ်ဆောင် ဘုန်းလျှံကတော့ သီလရှင်ဆရာလေး တစ်ပါးအတွက် သွေးဒါန ကုသိုလ်ပြုခဲ့ပါတယ်တဲ့။ ဒီအလှူဟာ ထောင်ထဲမှာ ညီအစ်ကိုအရင်းလို စောင့်ရှောက်ပေးခဲ့တဲ့ အစ်ကိုတစ်ယောက်အတွက် ရည်ရွယ်ပြီး လှူဒါန်းခဲ့တာလို့ ပြောပြလာပါတယ်။ “ ဒီနေ့က သွေးလှူဖို့ အစီအစဉ်မရှိဘူး၊ အပြင်ခဏရောက်နေတဲ့ အချိန်မှာ အစ်ကို့သူငယ်ချင်း နောင်နောင် တို့ ပရဟိတအဖွဲ့ကနေ သွေးလိုတယ်ဆိုလို့ အစ်ကို့ လှမ်းမေးတယ်။ အစ်ကိုကလည်း လှူချင်တဲ့ စိတ်ရှိတာနဲ့ ဆရာလေးအတွက် လှူဖြစ်တယ်။ ပြီးတော့

ထောင်ထဲမှာ ညီအစ်ကိုလိုနေခဲ့တဲ့ အစ်ကိုတစ်ယောက်ပေါ့နော် သူ့ရဲ့ ကျေးဇူးတွေ အစ်ကို့မှာရှိတယ်။ သူက ဆုံးသွားပြီ မနေ့က(ဇွန်လ ၂၂ ရက်) မှာ ရက်လည်လုပ်တယ်။ သူ့အတွက်လည်း အမျှပေးဝေချင်တဲ့ ဆန္ဒလေးလည်း ရှိထားတာဆိုတော့ လှူခွင့်ကြုံသွားတာပေါ့နော်” လို့ သူကဆိုပါတယ်။ ဘုန်းလျှံဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးကို သူတစ်ပါးရဲ့ အသက်အတွက် လှူဒါန်းခွင့်ရတာ

အရမ်း ပီတိဖြစ်ရတယ်လို့ ဆိုလာပါတယ်။ “ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြတ်သန်းနေတဲ့ သွေးနဲ့ သူတစ်ပါးရဲ့ အသက်အတွက် လှူရတာဟာ အရမ်းဝမ်းသာပီတိဖြစ်စရာကောင်းတယ်။ ဒီကြားထဲမှာလည်း နောက်ထပ် အလှူအတန်းလေးတွေ လုပ်ဖို့ရှိပါသေးတယ်။ ဒါပေမယ့် အတိအကျပြောပြလို့ မရသေးလို့ပါ။” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့

ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *