ကိုယ်တိုင်ကလဲ မချမ်းသာသလို ဘယ်သူ့ကိုမှလဲ စိန်မခေါ်ပါဘူးဆိုပြီး အထင်လွဲစရာကိစ္စတွေကို ဖြေရှင်းခဲ့တဲ့ ဖိုးချစ်





Read in UNICODE

ဇာတ်သဘင်ဥက္ကဌဖြစ်တဲ့ ဖိုးချစ်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဇာတ်သဘင်ကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် ဖိုးချစ်ဇာတ်သဘင်ကို တည်ထောင်ထားတာပါပဲနော်။ သူရဲ့ တတ်နိုင်သလောက်လေးနဲ့ အလှူဒါန်းတွေကို ပြုလုပ်လေ့ရှိတာကြောင့်

ပရိသတ်တွေရဲ့   အချစ်ကိုပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။ ဖိုးချစ်ကတော့ ဇာတ်သဘင်အတွက် ရှေ့ဆောင်ဦးဆောင်နေပေမယ့် သူကို တိုက်ခိုက်တဲ့သူတွေကြောင့် ပြန်လည်ပြီး ဖြေရှင်းပေးနေရပါတယ်။ မြန်မာနိုင်ငံရဲ့ ချမ်းသာဆုံး ခရိုနီတစ်ဦးဖြစ်တဲ့ ဦးခင်ရွှေကို

ဖိုးချစ်က စိန်ခေါ်တယ်ဆိုတဲ့သတင်းကို“အဲ့လိုကြီး မရေးစေချင်ပါဘူးခင်ဗျာ ကျွန်တော် ဘယ်သူ့မှ စိန်မခေါ်ရပါဘူး အဲ့လိုစိတ်လဲမရှိပါဘူးဗျာ ကိုယ့်ရှိတဲ့ ဝါသနာ ဖြစ်ချင်တဲ့စိတ် ကြိုးစားကြည့်ချင်တာပါဗျာ ငွေကြေးလဲမချမ်းသာပါဘူး ဘယ်သူကမှလဲ နောက်ကွယ်က လုပ်ပေးတာ

လက်မဲရောလက်ဖြူရောမရှိပါဘူးဗျာ ရခဲ့ရင် ဆက်ကြိုးစားမယ် မရခဲ့လဲ ရတဲ့သူကို မုဒိတာပွားပါ့မယ်ခင်ဗျာ မေတ္တာဖြင့် ဖိုးချစ်”လို့ဆိုပြီး စိန်ခေါ်တဲ့သတင်းကြောင့် ပြန်လည်ဖြေရှင်းထားတာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖိုးချစ်ရဲ့ ဖြေရှင်းပေးလိုက်တာလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဖိုးချစ်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

Source : Phoe Chit’s Facebook

Add a Comment

Your email address will not be published. Required fields are marked *