သမီးလေးမွေးနေ့အတွက် ပရဟိတမိဘမဲ့ကျောင်းကို လှူဒါန်းဖို့ သွားကြည့်ရင်း မေမေလို့ အခေါ်ခံခဲ့ရတာကြောင့် ငိုခဲ့မိတယ်ဆိုတဲ့ အိအိတုန်






Read in UNICODE

ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်အောင် ပုံဖော်တက်ပြီး အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်ရပ်တည်နေတဲ့ သူလေးကတော့ ဇာတ်ပို့သရုပ်ဆောင် အိအိတုန်ပဲဖြစ်ပါတယ်။ တိကျပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည်အဝရရှိထားတဲ့

အိအိတုန်ကတော့ အနုပညာရှင်တွေရဲ့ ချစ်ခင်မှုကိုပါ ရရှိထားတဲ့ သူပါနော်။ လတ်တလောမှာတော့ အိအိတုန်က ဒုတိယရင်သွေးလေးကို လွယ်ထားတာဖြစ်လို့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာလည်းဖြစ်ပါတယ်…..။ ဒါ့အပြင် အိအိတုန်က အလိုလိုက်ပြီး နားလည်မှုအပြည့်ရှိတဲ့

ခင်ပွန်းနဲ့ ဘိုမရုပ်ကလေး ချစ်စရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားလို့ ပရိသတ်တွေလည်း အားကျနေကြတာပါနော်။ အိအိတုန်က အိမ်မှာနေရင်း ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုလည်း ပြုလုပ်နေပြီး ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်ရအောင်

သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲဖော်ပြလေ့ရှိနေတာလည်းဖြစ်ပါတယ်……။ယနေ့မှာတော့ အိအိတုန်က ” သမီးလေးမွေးနေ့27ရက်နေ့အတွက် မျိုးဆက်သစ်ပရဟိတကျောင်းမှာလှူဒါန်းပါမယ် စိတ်မကောင်းလို့မဗိုက်ငိုမိ ကိုယ်သွားတော့သားသား

တစ်ယောက်ကမေမေတဲ့ ဝမ်းနည်းလိုက်တာ ဒါပေမဲ့ဘုန်းဘုန်းရဲ့စောင့်ရှောက်မူအောက်မှာကြီးပြင်းရတာ ကံကောင်းလိုက်တာခလေးတွေကို ချစ်လို့ ” ဆိုတဲ့ စာသားလေးအပြင် Liveဗီဒီယိုလေးတစ်ခုကိုလည်း တင်ထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် အဆိုပါ ဗီဒီယိုလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။

Source : Ei Tone’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *