ေက်ာင္းဆရာမျဖစ္ခ်င္ခဲ့ေပမယ့္ တကၠသိုလ္မွာ ျပဇာတ္ေတြကရင္း အႏုပညာေလာကထဲ ေရာက္လာခဲ့တာဆိုတဲ့ ဂြမ္းပံု

ဂြမ္းပုံေလးရဲ႕ ဝါသနာကေတာ့ေက်ာင္းဆရာမ တစ္‌ေယာက္ျဖစ္ဖို႔ပါတဲ့။ ဒါေပမယ့္လည္း ေက်ာင္းကပြဲေတြကရင္းနဲ႔ အႏုပညာေလာကထဲကို ေရာက္မွန္းမသိ ေရာက္ခဲ့တဲ့ သူမအဖို႔ ဟာသ သ႐ုပ္ေဆာင္ တစ္ေယာက္ ျဖစ္လာမယ္လို႔ မေမွ်ာ္လင့္ခဲ့ဖူးဘူးလို႔ ဆိုပါတယ္။ “ ကိုယ္က ငယ္ငယ္ကတည္းက စစေနာက္ေနာက္ ေနတတ္တာ။ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔လည္း မေမွ်ာ္မွန္းရဲပါဘူး။ ကိုယ္က ဘြဲ႕ရၿပီးရင္ ေက်ာင္းဆရာမ လုပ္မွာ ဒါေၾကာင့္ ျမန္မာစာ အဓိက ေမဂ်ာယူခဲ့တာေပါ့။ ဒါေပမယ့္ ႐ုပ္ရွင္ၾကည့္ၿပီဆိုရင္ အေမ ေဒၚစိန္တင္၊ ဖိုးပါႀကီး၊ ဦးသန္းႏြဲ႕၊ အန္တီေ႐ႊလုံး တို႔ကို သေဘာက်ခဲ့တယ္။ အဲဒါေၾကာင့္ ဆရာဦးနႏၵကလည္း

ဟာသပေလာ့ဂ်္ေလးေတြ ေပးတယ္၊ ကိုယ္ကလည္း လုပ္ႏိုင္ခဲ့ေတာ့ ဟာသသ႐ုပ္ေဆာင္ ျဖစ္လာတယ္။ ေျပာရရင္ေတာ့ ဇာတ္ပို႔ေပါ့၊ ကိုယ္က ဟာသလိုင္းေလးၾကေတာ့ နည္းနည္း ထူးျခားခဲ့လို႔ထင္ပါတယ္” လို႔ သူကဆိုပါတယ္။ ဂြမ္းပုံေလးကေတာ့ သူမရဲ႕ ပထမဆုံး ႐ုပ္ရွင္ဇာတ္ကားကို သ႐ုပ္ေဆာင္ ေက်ာ္သူ၊ မို႔မို႔ျမင့္ေအာင္ တို႔နဲ႔ တြဲဖက္ သ႐ုပ္ေဆာင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ တကၠသိုလ္ဂြမ္းပုံေလး ဆိုတဲ့ နာမည္ကို ဒီဇာတ္ကားကေန စတင္ခဲ့တာလို႔ ေျပာပါတယ္။ “ ျမန္မာစာေမဂ်ာ ေနာက္ဆုံးႏွစ္မွာ ဒါ႐ိုက္တာ ကိုေဇာ္ျမင့္ဦးနဲ႔ မႏၲေလးက အစ္ကို

ကိုေဇာ္လြင္တို႔ကေနတဆင့္ ဆရာဦးနႏၵ႐ိုက္တဲ့ မမို႔ရဲ႕ကားေပါ့ ‘ရင္ခုန္မိတာ အခ်စ္လား’ ဆိုတဲ့ဇာတ္ကားမွာ မ်က္ႏွာသစ္ သ႐ုပ္ေဆာင္ သုံးခ်င္တယ္ဆိုလို႔ မဂြမ္းကို ႐ိုက္ဖို႔ ေျပာတယ္။ ကိုယ္ကလည္း မမို႔နဲ႔႐ိုက္ရမွာဆိုေတာ့ အျပင္မွာ မမို႔ကို တကယ္ျမင္ရေတာ့မွာဆိုေတာ့ ဝမ္းေတြ သာတာေပါ့။ အဲဒီမွာ ဆရာဦးနႏၵက တကၠသိုလ္အႏု ပညာအသင္းကေန ရခဲ့လို႔ နင့္ကို တကၠသိုလ္ဂြမ္းပုံလို႔ နာမည္ေပးမယ္ဆိုၿပီးေတာ့ ျဖစ္လာတာပါ။ ‘ ရင္ခုန္မိတာ အခ်စ္လား’ ဇာတ္ကားမွာ ကိုေက်ာ္သူ၊ မမို႔ တို႔နဲ႔ အတူတူ သ႐ုပ္ေဆာင္ခဲ့ရတာပါ။” ဆိုၿပီးေတာ့ ဇြန္လ(၁၀) ရက္ေန႔က ႐ုပ္ရွင္ ႏွစ္(၁၀၀)ျပည့္႐ိုက္ကူးေရးမွာ ေျဖဆိုခဲ့တာပါ။ အဲဒီေနာက္ သူမဟာ သ႐ုပ္ေဆာင္

တစ္ေယာက္ မျဖစ္ခင္က တကၠသိုလ္မွာ ျပဇာတ္ေတြလည္း ကခဲ့ဖူးတဲ့ အမွတ္တရေတြကို ဂြမ္းပုံေလးက ေျပာျပလာခဲ့ပါတယ္။ “ မဂြမ္း တကၠသိုလ္မွာ ျမန္မာစာ အဓိက နဲ႔ ဘြဲ႕ရထားတဲ့ နာမည္က စန္းစန္းၾကည္ပါ။ ျမန္မာႏိုင္ငံ ကြန္ျမဴေနးရွင္းမွာဆိုရင္ RC Call ဆိုတာ ရွိတယ္၊ အဲဒီမွာ အႏုပညာအသင္းခန္းႀကီးရွိတယ္ ဦးအ႐ိုင္းတို႔၊ ကိုဇာဂနာတို႔ နဲ႔ အတူတူ အၿငိမ့္ေတြ၊ ျပဇာတ္ေတြ ကခဲ့တယ္။ အသင္းခန္းႀကီးထဲလည္း ဝင္လိုက္ေရာ၊ ျမန္မာ့အသံက ဒါ႐ိုက္တာ စတားဖုန္းေဝ ဆိုတဲ့ ဆရာက ျပဇာတ္တစ္ခု လုပ္ရမယ္ေပါ့၊ မဂြမ္းက ငယ္ငယ္ကတည္းက ပုပုလုံးလုံးဆိုေတာ့ အားလုံးက စၾက၊ ေျပာင္ၾကနဲ႔ ။ စန္းစန္းၾကည္ေပါ့ နင္ ျမန္မာ့အသံက ျပဇာတ္မွာ

ပါရမယ္ဆိုေတာ့ အဲဒီေခတ္တုန္းကလည္း ျမန္မာ့အသံေခတ္ဆိုေတာ့ ပါလိုက္တယ္။ အဲဒီမွာ ဆရာက စန္းစန္းၾကည္တဲ့ နင္က ပုပုလုံးလုံးေလးဆိုေတာ့ ဂြမ္းပုံလို႔ နာမည္ေပးမယ္ ဆိုၿပီးေတာ့ ဒီက စၿပီး ဂြမ္းပုံျဖစ္သြားတာ” လို႔ သူက ဆိုပါတယ္။ ဂြမ္းပုံေလးဟာ က်ရာဇာတ္႐ုပ္ကို အေကာင္းဆုံး ႀကိဳးစားသ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ ၁၀ စုႏွစ္ တစ္စု ေက်ာ္လာတဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိလာတဲ့ ဇာတ္ပို႔ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူ႔အေနနဲ႔ အိမ္အကူ ကာ႐ိုက္တာ၊ မင္းသမီးရဲ႕ သူငယ္ခ်င္းေနရာ၊ အေဒၚေနရာ၊ အေမ ေနရာ နဲ႔ အစ္မႀကီး ေနရာေတြမွာ အမ်ားဆုံး ပါဝင္သ႐ုပ္ေဆာင္ရသူျဖစ္ပါတယ္။ သူမဟာ ၂၀၁၅ ခုႏွစ္တုန္းက အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု အျဖစ္ “ဤအရာကိုအခ်စ္ဟုေခၚသလား” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အကယ္ဒမီဆု ရရွိထားသူျဖစ္ပါတယ္။

Read in UNICODE

ဂွမ်းပုံလေးရဲ့ ဝါသနာကတော့ကျောင်းဆရာမ တစ်‌ယောက်ဖြစ်ဖို့ပါတဲ့။ ဒါပေမယ့်လည်း ကျောင်းကပွဲတွေကရင်းနဲ့ အနုပညာလောကထဲကို ရောက်မှန်းမသိ ရောက်ခဲ့တဲ့ သူမအဖို့ ဟာသ သရုပ်ဆောင် တစ်ယောက် ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ “ ကိုယ်က ငယ်ငယ်ကတည်းက စစနောက်နောက် နေတတ်တာ။ သရုပ်ဆောင် တစ်ယောက်ဖြစ်လာလိမ့်မယ်လို့လည်း မမျှော်မှန်းရဲပါဘူး။ ကိုယ်က ဘွဲ့ရပြီးရင် ကျောင်းဆရာမ လုပ်မှာ ဒါကြောင့် မြန်မာစာ အဓိက မေဂျာယူခဲ့တာပေါ့။ ဒါပေမယ့် ရုပ်ရှင်ကြည့်ပြီဆိုရင် အမေ ဒေါ်စိန်တင်၊ ဖိုးပါကြီး၊ ဦးသန်းနွဲ့၊ အန်တီရွှေလုံး တို့ကို သဘောကျခဲ့တယ်။ အဲဒါကြောင့် ဆရာဦးနန္ဒကလည်း

ဟာသပလော့ဂျ်လေးတွေ ပေးတယ်၊ ကိုယ်ကလည်း လုပ်နိုင်ခဲ့တော့ ဟာသသရုပ်ဆောင် ဖြစ်လာတယ်။ ပြောရရင်တော့ ဇာတ်ပို့ပေါ့၊ ကိုယ်က ဟာသလိုင်းလေးကြတော့ နည်းနည်း ထူးခြားခဲ့လို့ထင်ပါတယ်” လို့ သူကဆိုပါတယ်။ ဂွမ်းပုံလေးကတော့ သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် ကျော်သူ၊ မို့မို့မြင့်အောင် တို့နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဂွမ်းပုံလေး ဆိုတဲ့ နာမည်ကို ဒီဇာတ်ကားကနေ စတင်ခဲ့တာလို့ ပြောပါတယ်။ “ မြန်မာစာမေဂျာ နောက်ဆုံးနှစ်မှာ ဒါရိုက်တာ ကိုဇော်မြင့်ဦးနဲ့ မန္တလေးက အစ်ကို

ကိုဇော်လွင်တို့ကနေတဆင့် ဆရာဦးနန္ဒရိုက်တဲ့ မမို့ရဲ့ကားပေါ့ ‘ရင်ခုန်မိတာ အချစ်လား’ ဆိုတဲ့ဇာတ်ကားမှာ မျက်နှာသစ် သရုပ်ဆောင် သုံးချင်တယ်ဆိုလို့ မဂွမ်းကို ရိုက်ဖို့ ပြောတယ်။ ကိုယ်ကလည်း မမို့နဲ့ရိုက်ရမှာဆိုတော့ အပြင်မှာ မမို့ကို တကယ်မြင်ရတော့မှာဆိုတော့ ဝမ်းတွေ သာတာပေါ့။ အဲဒီမှာ ဆရာဦးနန္ဒက တက္ကသိုလ်အနု ပညာအသင်းကနေ ရခဲ့လို့ နင့်ကို တက္ကသိုလ်ဂွမ်းပုံလို့ နာမည်ပေးမယ်ဆိုပြီးတော့ ဖြစ်လာတာပါ။ ‘ ရင်ခုန်မိတာ အချစ်လား’ ဇာတ်ကားမှာ ကိုကျော်သူ၊ မမို့ တို့နဲ့ အတူတူ သရုပ်ဆောင်ခဲ့ရတာပါ။” ဆိုပြီးတော့ ဇွန်လ(၁၀) ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀)ပြည့်ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ အဲဒီနောက် သူမဟာ သရုပ်ဆောင်

တစ်ယောက် မဖြစ်ခင်က တက္ကသိုလ်မှာ ပြဇာတ်တွေလည်း ကခဲ့ဖူးတဲ့ အမှတ်တရတွေကို ဂွမ်းပုံလေးက ပြောပြလာခဲ့ပါတယ်။ “ မဂွမ်း တက္ကသိုလ်မှာ မြန်မာစာ အဓိက နဲ့ ဘွဲ့ရထားတဲ့ နာမည်က စန်းစန်းကြည်ပါ။ မြန်မာနိုင်ငံ ကွန်မြူနေးရှင်းမှာဆိုရင် RC Call ဆိုတာ ရှိတယ်၊ အဲဒီမှာ အနုပညာအသင်းခန်းကြီးရှိတယ် ဦးအရိုင်းတို့၊ ကိုဇာဂနာတို့ နဲ့ အတူတူ အငြိမ့်တွေ၊ ပြဇာတ်တွေ ကခဲ့တယ်။ အသင်းခန်းကြီးထဲလည်း ဝင်လိုက်ရော၊ မြန်မာ့အသံက ဒါရိုက်တာ စတားဖုန်းဝေ ဆိုတဲ့ ဆရာက ပြဇာတ်တစ်ခု လုပ်ရမယ်ပေါ့၊ မဂွမ်းက ငယ်ငယ်ကတည်းက ပုပုလုံးလုံးဆိုတော့ အားလုံးက စကြ၊ ပြောင်ကြနဲ့ ။ စန်းစန်းကြည်ပေါ့ နင် မြန်မာ့အသံက ပြဇာတ်မှာ

ပါရမယ်ဆိုတော့ အဲဒီခေတ်တုန်းကလည်း မြန်မာ့အသံခေတ်ဆိုတော့ ပါလိုက်တယ်။ အဲဒီမှာ ဆရာက စန်းစန်းကြည်တဲ့ နင်က ပုပုလုံးလုံးလေးဆိုတော့ ဂွမ်းပုံလို့ နာမည်ပေးမယ် ဆိုပြီးတော့ ဒီက စပြီး ဂွမ်းပုံဖြစ်သွားတာ” လို့ သူက ဆိုပါတယ်။ ဂွမ်းပုံလေးဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် “ဤအရာကိုအချစ်ဟုခေါ်သလား” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *