နန်းစန္ဒာလှထွန်းအတွက် သတိတရနဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ ခြူးလေး
Read in UNICODE
ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ MRTV-4 ဇာတ်လမ်းတွဲမင်းသမီးတွေဖြစ်တဲ့ ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းတို့ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းတို့ကိုတော့ စိမ်းဝါနဲ့ ရေဝတီဆိုတဲ့ ဇာတ်ကောင်လေးတွေနဲ့
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူတွေပဲဖြစ်ပါတယ်.။ အပြင်မှာလည်း ညီအစ်မတွေလို ရင်းနှီးချစ်ခင်ကာ ဇာတ်ကားထဲက ဇာတ်ကောင်တွေကိုလည်း အပေးအယူ မျှမျှနဲ့ သရုပ်ဆောင်နိုင်ကြသူတွေပါ.။ ဒီကနေ့ ဇွန်လ (၂၂)ရက်နေ့ကတော့ နန်းစန္ဒာလှထွန်းလေးရဲ့ အသက် (၂၇)နှစ်ပြည့် မွေးနေ့ လေးပဲဖြစ်ပါတယ်.။ ခြူးလေးကတော့ သူမရဲ့ ညီအစ်မတွေလို ချစ်ရသူ ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး နန်းစန္ဒာလှထွန်းအတွက် မွေးနေ့ဆုတောင်းစကားလေးကို “Happy Birthday နန်းရေ ….” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ ပဉ္စာလက်ရွာ ရိုက်ကူးရေးမှာတုန်းက အတူတူ ရိုက်ထားတဲ့ ပုံလေးနဲ့အတူ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်နော်.။ခြူးလေးရဲ့ မွေးနေ့
ဆုမွန်ကောင်းလေးကြောင့် မွေးနေ့ရှင် နန်းစန္ဒာလှထွန်းလေးတော့ ပျော်ရွှင်မယ်ဆိုတာ အသေအချာပါပဲနော်..ပရိသတ်ကြီး.။ ဒီကနေ့ ရဲ့ မွေးနေ့ရှင်မလေး နန်းစန္ဒာလှထွန်းလေးတစ်ယောက် မွေးနေ့မှစပြီး လူချစ်လူခင်ပေါများကာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်မင်းသမီးချောလေး ဖြစ်ပါစေလို့ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလည်း မွေးနေ့ရှင်လေး နန်းစန္ဒာလှထွန်းလေးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်.။
Source : Chue Lay’s Facebook
Add a Comment
Your email address will not be published. Required fields are marked *