ကလေးအမေတစ်ယောက်အဖြစ် ရပ်တည်ဖို့ ခက်ခဲတဲ့ သူမရဲ့ ဘဝအခြေအနေကို ရင်ဖွင့်ခဲ့တဲ့ အေသင်ချိုဆွေ
Read in UNICODE
သမီးလေး အိုင်ဗီးရဲ့ မိခင်အနေနဲ့ရော အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူ အေသင်ချိုဆွေကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားပြီး ဂီတအနုပညာအလုပ်နဲ့ ချစ်ရတဲ့ သမီးလေးကို စောင့်ရှောက်ရင်း
အချိန်ကုန်ဆုံးနေသူပဲဖြစ်ပါတယ်.။ အေသင်ချိုဆွေကတော့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပြုစုစောင့်ရှောက်ရင်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို မမောမပန်းနိုင်အောင် လုပ်ဆောင်နေရတာကို ပျော်ရွှင်နေသူလို့ ဆိုရမယ် ထင်ပါတယ်နော်.။ ဇွန်လ (၂၁)ရက်နေ့မှာတော့ အေသင်က “ကလေးအမေ ဖြစ်ရတာ လွယ်တယ်များထင်နေလား။ အဆိုတော်
အေသင်ချိုဆွေ ပြေးဖြစ်လိုက် ၊ မေမေအေသင်ချိုဆွေ ပြေးဖြစ်လိုက် ၊ အိမ်ရှင်မထဖြစ်လိုက်၊ TTMY (တောက်တိုမယ်ရ) ဖြစ်လိုက်၊ သီချင်းတွေထနားထောင်လိုက်၊ ဒီကြားထဲ သီချင်းလေးကလည်းရေးဖြစ်နေသေးတာ၊ တခြားမေမေတွေလို မိမိုက်လှပကြွရွမနေပေမယ့်
အရာရာကတော့ ဟန်ဆောင်မှုကင်းပြီး ရိုးရှင်း အေးချမ်းနေပါတယ်။ ပုံမတင်တာကြာလို့ တင်လိုက်ပါတယ်နော်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မေမေတစ်ယောက်အနေနဲ့ရော အဆိုတော်တစ်ယောက်အနေနဲ့ပါ နေထိုင်နေရပေမယ့် အေသင်က သူမဘဝကို ကျေနပ်ပျော်ရွှင်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ အေသင်ချိုဆွေတို့ သားအမိလေးကို ချစ်ခင်အားပေးရင် မှတ်ချက်လေးတွေ ရေးပြီး အားပေးသွားပါဦးနော်.။
Source : Athen Chi Swe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *