အနုပညာသက်တမ်း(၉)နှစ်ပြည့်နေ့လေးမှာ စပရိုက်လုပ်ပေးခဲ့တဲ့ ပရိသတ်တွေကြောင့် ပျော်နေရတဲ့ ရွှေပိုးအိမ်
Read in UNICODE
ရွှေပိုးအိမ်ကတော့ အနုပညာနယ်ပယ်ထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးလေးဖြစ်ပါတယ်။သူမက တော့ ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်ပြီး
ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိ မျောပါသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ အိုင်တင်ကောင်းတဲ့ မင်းသမီးဖြစ်ပါတယ်။ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက
အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်ကြီက ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် လူချစ်လူခင် ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာ
လည်းဖြစ်ပါတယ်။ရွှေပိုးကတော့ အနုပညာအလုပ်တွေဆက်တိုက် လုပ်နေတာဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်ပါဝင် လုပ်ကိုင်သူလေးဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမရဲ့အနုပညာသက်တမ်း ၉ နှစ်ပြည့်လေးကို ပရိသတ်တွေလုပ်ပေးလိုက်တဲ့
Suprise ကြောင့် ကြည်နူးပီတိဖြစ်နေတဲ့ ဗီဒီယိုလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမှတ်တရ ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီး ကိုယ်တွေပါ အပျော်တွေကူးစက်မိတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။
Source : Shwe Poe Eain’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *