မ်ိဳးႀကီးကိုယ္တိုင္ ေရးေပးထားတဲ့ သီခ်င္းကေနရလာမယ့္ ပိုက္ဆံေတြ အားလံုးကို တစ္ဘဝလံုးစာ လွဴဒါန္းသြားမယ္ဆိုတဲ့ လင္းလင္း

ေတးေရးဆရာတစ္ေယာက္အေနနဲ႔ေရာ အဆိုေတာ္တစ္ေယာက္အေနနဲ႔ပါ ေအာင္ျမင္စြာရပ္တည္ေနႏိုင္တဲ့ အဆိုေတာ္လင္းလင္းကို သိၾကမယ္ထင္ပါတယ္ေနာ္။ သူဟာ ခ်စ္သုေဝနဲ႔အတူ ပရိတ္သတ္အားက်ခ်စ္ခင္ရတဲ့ မိသားစုဘ၀ေလးကိုတည္ေထာင္ထားတာျဖစ္ၿပီး ခ်စ္စရာအႁမႊာသမီးေလးႏွစ္ေယာက္ကိုပါ ပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။လင္းလင္းနဲ႔ခ်စ္သုေဝတို႔ႏွစ္ဦးလုံးဟာ

သက္ဆိုင္ရာနယ္ပယ္အသီးသီးမွာေအာင္ျမင္ေက်ာ္ၾကားေနၾကတဲ့သူေတြလည္းျဖစ္ၿပီးေစတနာ သဒၵါတရားထက္သန္ၾကတဲ့သူေတြလည္းျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ေခတ္သစ္ေဖာင္ေဒးရွင္းရဲ႕ ပဲ့ကိုင္ရွင္ေတြလည္းျဖစ္ၾကၿပီးေတာ့ လိုအပ္ေနတဲ့ေနရာမွန္သမွ်ကို တတ္ႏိုင္သေ႐ြ႕လႉဒါန္းကူညီၾကတဲ့သူေတြပါေနာ္။ မၾကာေသးမီက

လင္းလင္းဟာ သူ႔ရဲ႕Facebookစာမ်က္ႏွာတြင္”ကိုမ်ိဳးႀကီးအတြက္ ေရးျဖစ္တဲ့ သီခ်င္းတစ္ပုဒ္မၾကာခင္ ေတးသံသာကေန နားေထာင္လို႔ရပါမယ္။က်ေနာ္တို႔ႏွစ္ေယာက္ ဒီသီခ်င္းကေန ရရွိမယ့္အက်ိဳးအျမတ္အားလုံးကို “ေခတ္သစ္ ေဖာင္ေဒးရွင္း” ထံသို႔ လႉပါတယ္။ေတးသံသာမွ ကိုညီကလဲ

ထပ္တိုးလႉပါတယ္။က်ေနာ္တို႔အားလုံးရဲ႕ ေငြသားစုစုေပါင္း ၃၂၅၀၀၀၀ ( သုံးဆယ့္ႏွစ္သိန္းငါးေသာင္း) တိတိပါ။ဒီသီခ်င္းမွ ထပ္မံရရွိလာမယ့္အက်ိဳးအျမတ္အားလုံးကိုလဲက်ေနာ္နဲ႔ ကိုမ်ိဳးႀကီးမွ ေဖာင္းေဒးရွင္းသို႔ တစ္သတ္စာလႉပါတယ္။မၾကာခင္နားဆင္ရမယ့္ ဒီသီခ်င္းနဲ႔ပတ္သတ္ၿပီးပရိတ္သတ္ေရာင္းရင္းမ်ားလဲ ကုသိုလ္ယူႏိုင္ၾကပါေစ” ဆိုၿပီးေရးသားထားပါတယ္။ ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

တေးရေးဆရာတစ်ယောက်အနေနဲ့ရော အဆိုတော်တစ်ယောက်အနေနဲ့ပါ အောင်မြင်စွာရပ်တည်နေနိုင်တဲ့ အဆိုတော်လင်းလင်းကို သိကြမယ်ထင်ပါတယ်နော်။ သူဟာ ချစ်သုဝေနဲ့အတူ ပရိတ်သတ်အားကျချစ်ခင်ရတဲ့ မိသားစုဘဝလေးကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာအမြွှာသမီးလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ဦးလုံးဟာ

သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာအောင်မြင်ကျော်ကြားနေကြတဲ့သူတွေလည်းဖြစ်ပြီးစေတနာ သဒ္ဒါတရားထက်သန်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပဲ့ကိုင်ရှင်တွေလည်းဖြစ်ကြပြီးတော့ လိုအပ်နေတဲ့နေရာမှန်သမျှကို တတ်နိုင်သရွေ့လှူဒါန်းကူညီကြတဲ့သူတွေပါနော်။ မကြာသေးမီက

လင်းလင်းဟာ သူ့ရဲ့Facebookစာမျက်နှာတွင်”ကိုမျိုးကြီးအတွက် ရေးဖြစ်တဲ့ သီချင်းတစ်ပုဒ်မကြာခင် တေးသံသာကနေ နားထောင်လို့ရပါမယ်။ကျနော်တို့နှစ်ယောက် ဒီသီချင်းကနေ ရရှိမယ့်အကျိုးအမြတ်အားလုံးကို “ခေတ်သစ် ဖောင်ဒေးရှင်း” ထံသို့ လှူပါတယ်။တေးသံသာမှ ကိုညီကလဲ

ထပ်တိုးလှူပါတယ်။ကျနော်တို့အားလုံးရဲ့ ငွေသားစုစုပေါင်း ၃၂၅၀၀၀၀ ( သုံးဆယ့်နှစ်သိန်းငါးသောင်း) တိတိပါ။ဒီသီချင်းမှ ထပ်မံရရှိလာမယ့်အကျိုးအမြတ်အားလုံးကိုလဲကျနော်နဲ့ ကိုမျိုးကြီးမှ ဖောင်းဒေးရှင်းသို့ တစ်သတ်စာလှူပါတယ်။မကြာခင်နားဆင်ရမယ့် ဒီသီချင်းနဲ့ပတ်သတ်ပြီးပရိတ်သတ်ရောင်းရင်းများလဲ ကုသိုလ်ယူနိုင်ကြပါစေ” ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Htwe Lynn Ko’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *